အိပ်မပျော်တော့
ဟိုကြည့် ဒီကြည့်
အိပ်မပျော်တော့
ဟိုတွေး ဒီတွေး
အိပ်မပျော်တော့
ဟိုဖတ် ဒီဖတ်
အိပ်မပျော်တော့
ဟိုရေး ဒီရေး
ဟိုကြည့်ဒီကြည့် ကြည့်ရင်းကနေ ထူးအိမ်သင် ၁၀နှစ်ပြည့်ဂီတပွဲ ကြည့်လိုက်ရသေးသည်။ နောက်တစ်ကြိမ် မခံစားနိုင်သောကြောင့် တစ်ခြားလိုင်းပြောင်းကာကြည့်ရသည်။ မိသားစုပြိုင်ပွဲ အမည်ရှိ ဂိမ်းပြိုင်ပွဲ အစီအစဉ်တစ်ခုကြည့်မိသည်။ လူအယောက်၁၀၀ကိုမေးထားသည့်မေးခွန်း၏ အဖြေများကို နီးနီးစပ်စပ်ဖြေရန် မလွယ်ကူ။ ထို့ အပြင် လျင်လျင်မြန်မြန်ဖြေဖို့ ပိုခဲယဉ်းသည်။ သို့ သော် ချန်ပီယံ ဖြစ်သွားသောအဖွဲ့ သည် အကောင်းဆုံးဖြေဆိုကာ
ဆုငွေ ၅၀၀၀၀၀ရသွားသည်။
ဟိုဖတ်ဒီဖတ် ဖတ်ရင်းကနေ ဒီနေ့ စာမျက်နှာတိုးပြီး
ဖတ်နိုင်လာသည့် စာအုပ်မှာ ဆရာနန္ဒာသိန်းဇံ ၏
အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်
ရာ စာအုပ်ဖြစ်သည်။ လက်ရှိဖတ်နေသည့်စာအုပ်သည်
တတိယအကြိမ်ထုတ်ဖြစ်ပြီး ကြမ်းတစ်ဘက် ချော တစ်ဘက်နှင့် စာမျက်နှာများပေါ်မှ မှိန်ဖျော့သော စာလုံး
များကို ဖတ်ရသည်။ ထိုအခါ မှန်သားပြင်ပေါ်က စာများ
ကို ဖတ်ကျင့်ပါနေသည့် မျက်လုံးများသည် ဒုက္ခကြီးစွာ
တွေ့ပါသည်။ စိတ်မရှည်စွာ ပစ်ချထားမိခဲ့သလို အတွေး
တစ်စ ဝင်မိတိုင်း အဖြေတစ်ခုရလိုရငြား ဖတ်ဖြစ်နေသည့်
စာအုပ်ဖြစ်ပါသည်။
ဟိုတွေးဒီတွေး တွေးမိတွေးရာများကို ဟိုရေးဒီရေး
ရေးဖို့ အတွက် New Blog ဆိုသည်ကို ကလစ်မိခြင်း
မဟုတ်သည်မှာ သေချာပါသည်။ အမှန်စင်စစ် အိပ်မ
ပျော်ခြင်းသာ တရားခံအစစ်အမှန် ဖြစ်သည်။ အသစ်
တစ်ခုစတင်ပြုလုပ်ရခြင်းသည် စိတ်ဝင်းစားစရာ ကောင်း
တတ်သည်။ စိတ်ကို တဖန်ပြန်လည် နိုးကြားစေမည်
ဟု ထင်မိသည်။ သို့ သော် Blog လိပ်စာပေးသောအခါ
ကိုယ်လိုချင်သော လိပ်စာကို မရနိုင်တော့ချေ။ထိုကြောင့်
စိတ်ဝင်စားသည့် လိပ်ပြာနှင့် ပန်းများအကြောင်း စုဆောင်း
ရေးသားမည်ဟု စိတ်ကူးမိပါသည်။ ထို့ ကြောင့်
butterflylikeflower.blogspot.com ဟူ၍……