Thursday, September 11, 2014
လိပ်ပြာစစ်တမ်း ( ၃ )
                                 ( ၃ )
                     လိပ်ပြာတစ်ကောင်။
စိတ်ရှုပ်နေရတဲ့ အထဲ ဒီလိပ်ပြာက တစ်မှောင့်။ မျက်နှာ အရှေ့ တည့်တည့်က နေ  ပျံလိုက်  မြင်ကွင်းပိတ်အောင်
မျက်ခွံပေါ် လာနားလိုက်။ နဖူးပေါ် လာနားလိုက်နဲ့ 
အတော် မျက်စိနောက် လာပြီ။ ငယ်ငယ်တုန်းက စိတ်နဲ့ 
ဆိုရင်  ဖမ်းပြီး တောင်ပံနှစ်ဘက်ကို ဆွဲဖြုတ်လိုက်ပြီ။
ပြီးတော့ သူ့ ကိုယ်လုံးကို ဖိနပ်နဲ့  နင်းချေပစ်လိုက်မှာ။
မဖြစ်သေးဘူး။ သည်းခံ…သည်းခံရမယ်လို့ သတိပေး
နေရတယ်။  မွေးနေ့ မှာ ချစ်သူနဲ့ ဘုရားအတူတူ သွားပါ
ပထမဆုံးတောင်းသွားတဲ့  တစ်ယောက်ကြောင့် စိတ်
ကောက်နေတယ်ဗျာ။ အဲဒါနဲ့    ချော့နေရတယ်။    အဲဒါ
လိပ်ပြာက  အာရုံ နှောက်နေတယ်။
      missinnocence2011@gmail.com ဆိုတဲ့
ဂျီမေးလ်အကောင့် ပိုင်ရှင် သူမလေးနဲ့ အွန်လိုင်းမှာ  ချက်တင်း (chatting )  ပြောနေတဲ့        အချိန်တုန်းက ဒီလောက် စိတ်ကောက်တတ်မယ်လို့  မထင်ခဲ့မိဘူး။
အပြစ်ကင်းသူလေးတဲ့။  အဲဒီတုန်းက နာမည်နဲလိုက်
အောင် သိမ်မွေ့ နူးညံ့အပြစ်ကင်းလှတယ်လို့  ထင်မိ
တယ်။ အမည်ရင်းက"  မြူနှင်းမှုန်လေး "လို့ ခေါ် ပါတယ်။အဖေနာမည်  ဦးကိုကိုလေးဆိုတော့
နာမည်မှာ လေးထည့်ထားတာ ဖြစ်မယ်။ တကယ်လို့ 
များ   အဖေနာမည် ဦးကိုကိုကြီး သာဆိုရင်
 "မြူနှင်းမှုန်ကြီး "  ဖြစ်သွား ပြီး  ကြောက်စရာ
ပိုကောင်းနေမှာလို့   တွေးမိတော့      ကျွန်တော်ပြုံးမိ
သွားတယ်။ ကျွန်တော်တို့  ယောက်ျားလေး အများစုက
စိတ်ညစ်စရာဆိုရင်  ဦးနှောက်ထဲမှာ ကြာကြာသိုလှောင်
မထားပဲ အမြန်ဆုံးရှင်းထုတ်ပစ်ချင်တတ်တာကို မိန်းမ
အများစု နားမလည်ကြသလို  မြူမှုန်လေးလည်း
ထိုနည်းလည်းကောင်းပါပဲ။   ကျွန်တော့် ဘဝပေးအခြေ
အနေအရ  စိတ်ရှည်ရှည်ထားပြီး ချော့ရပါတော့မယ်။
"  ချစ်လေး … ဒီမှာ ကိုယ့်ကို ကြည့်…ကိုယ်ရှင်းပြမယ်
ချစ်လေးပြောသလို  နေရင်းထိုင်ရင်း ဘလော့လိုက်တယ်
ဆိုရင် ကိုယ် အရမ်းရိုင်းမသွားဘူးလား … အဲဒီအစ်မကြီး
က ဆိုရှယ်နက်ဝေါ့ခ် ( Social Network ) ရဲ့  ယဉ်ကျေးမှု
အစဉ်အလာအတိုင်း ဝစ်ရှ် (wish)လုပ်တာလေ။ ချစ်လေး
သိပါတယ် ။ ချစ်လေးက လိမ္မာပါတယ်………နော်"
        ကျွန်တော် တောင်းတောင်းပန်ပန် ပြောပေမယ့် ကျွန်တော့်ကို တစ်ချက်မှမကြည့်။ ဖုန်းမျက်နှာပြင်ကို
သည်းသည်းမည်းမည်း ကြည့်ရင်း စာတွေ ရိုက်နေပါ
တယ်။ဘေးချင်းကပ်ရက်ထိုင်ပြီးချစ်သူပို့တဲ့မက်ဆေ့ခ်ျ
  (message) ကို ဖတ်ရပါဦးမယ်။
      ကျွန်တော့် ချစ်သူလေးပို့  ထားတဲ့ မက်ဆေ့ခ်ျ
ကို ဖတ်ကြည့်လိုက်တော့
    " ကိုကို ချစ်လေးကို  တကယ်ချစ်တယ်ဆိုရင်
အဲဒီမိန်းမကို ဘလော့ရမယ်။ အဲဒီမိန်းမ ကိုကို့ 
အထဲမှာ ရှိနေရင် ချစ်လေးကို မချစ်လို့ ပဲ" တဲ့။
ဘယ်လောက် ချိုင်းဒစ်ရှ် (childish) ဖြစ်ထားသလဲ။
အဲဒါနဲ့  message ပြန်ပို့ ရတယ်။
    " ချစ်လေး… သဘောထားကြီးသင့်တယ်။ အခု့ ဝစ်ရှ်လုပ်တဲ့ အစ်မကြီးက စင်္ကာပူမှာနေတာ။
တစ်ခါမှလည်း အပြင်မှာ မတွေ့ ဖူးဘူး။ နေရင်းထိုင်ရင်း လူတစ်ယောက်ကို  ဘလော့တယ်ဆိုတာ
လွဲမှားတယ်လို့  ကိုယ်ထင်တယ်။ တကယ်လို့ များ  အိမ်ထောင်ပြု ပြီးပြီဆိုရင်  လင်နဲ့ မယား ကြားမှာ
တစ်ယောက်နဲ့  တစ်ယောက် ယုံကြည်မှု ထားဖို့ က
အရေးကြီးဆုံးပဲ။ ဟုတ်တယ်မလား ချစ်လေး"
  အဲဒီလို စာတွေပို့   အသည်းပုံတွေ
တစ်တုန်တုန် မြည်အောင်ပို့ ။ မွမွတွေ ပို့ လိုက်ရင်
စိတ်ကောက်ပြေလို့  နှုတ်ခမ်းစူတာ လျော့လာပြီ။
အဲဒီလို ဆိုရင်တော့ အခြေအနေ ကောင်းလာပြီလို့ 
ယူဆနိုင်ပါပြီ။
 ချစ်သူလေးဆီက စကားသံကြားရပြီဗျ။
"ကိုကို ချေးတောက်ထဲ ချေးရမယ်နော်။
ချေးကလွဲပီး ဘုမ  ချေးနဲ့။ ချေးကို ကိုကိုပစ်ထားရင်
ချေးကိုယ် ချေးသတ်သေလိုက်မယ်… ပရောမစ်စ်နော်။
ယောက်ျားကတိ တည်နော် "
  "အင်း… ယောက်ျားကတိ တည်မယ်။ ချေးက လွဲရင် နောက်တောက်မချိ  ဟီ ဟီ"
     စကားမပီရတဲ့ အထဲ  စကားပြောကလည်း
မြန်တော့ ချစ်လေးလို့  ပြောတိုင်း ချေးလို့ ပဲ ကြားနေ
ရတော့ ကျွန်တော်လည်း သူ့ ဓာတ်တွေ ကူးလာတာ
ပေါ့။
      ခဏနေတော့  နှစ်ယောက်အတူ ဓာတ်ပုံ
အမှတ်တရ ရိုက်ကြတယ်။ ရိုက်တဲ့ပုံတွေကို ကြည့်ပြီး
360 ကင်မရာ မသုံးပဲ ဘယ်လိုရိုက်ရိုက်လှတဲ့
ကိုယ့်ရဲ့  ချေး လို့  အမွှန်းတင်ပေးရပါမယ်။
      နှစ်ယောက်တွဲ ဓာတ်ပုံကို ကြည့်လိုက်တော့ ချစ်သူ
လေးရဲ့  ဖြောင့်စင်းတဲ့ ဆံပင်ပေါ်မှာ လိပ်ပြာတစ်ကောင်
တောင်ပံ ဖြန့် ကာ နားလို့ ။
        အပြာရောင် လိပ်ပြာတစ်ကောင်။
ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်မယ်ဆိုရင်
ကျွန်တော်က လိပ်ပြာလေး တစ်ကောင်ပေါ့။
ဆက်ရန်