Butterflies & Flowers
Friday, December 19, 2014
Thursday, November 27, 2014
ဒီဇင်ဘာပန်းတွေနဲ့
ဒီဇင်ဘာပန်းတွေနဲ့ …
ဆောင်တော်ကူးပန်း ကို ကျွန်မတို့ က ဒီဇင်ဘာပန်းလို့  ခေါ်ပါတယ်။ ဒီဇင်ဘာလမှာ ပွင့်လို့  ဒီဇင်ဘာပန်းလို့  ခေါ်တာဖြစ်မယ်ထင်ပါတယ်။ ကျွန်မ တို့ အိမ်နဲ့ တစ်ဘက်အိမ်ကို အုတ်တံတိုင်းမခတ်ခင် က ခြံစည်းရိုးမှာ ဒီဇင်ဘာပန်းတွေ ဝေနေအောင်ပွင့်တဲ့ ဒီဇင်ဘာတွေကို ဆယ်နှစ်ဆယ်ကြိမ်မက ကြုံခဲ့ဖူးပါတယ်။ ဒီဇင်ဘာပန်းတွေဖူးနေတာမြင်တော့  သတိတရရှိမိသူက သနားစရာကောင်းတဲ့ မိန်းမ တစ်ယောက်ပေါ့။ူ ပန်းတွေခူးပြီး ဘုရားကပ်လှူဖို့  လာပေးလေ့ ရှိသည့် ထိုမိန်းမသည် ကျွန်မ၏ မြန်မာစာဆရာမ အဖြစ် ခေတ္တသင်ကြားပေးဖူးသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပင်စင်ယူလိုက်ရပါတယ်။ စိတ်ဝေဒနာကြောင့် စာသင်ဖို့  မဖြစ်နိုင်တာနဲ့ အနားပေး လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့  အိမ်ပြောင်းရွှေ့ လာပြီး ဆရာမနဲ့ အိမ်နီးနားချင်းဖြစ်ခဲ့ တဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့  စိတ်ဝင်စားမှုတွေ အထူးတလည် တိုးပွားလာပါတယ်။ ဒါကြောင့်လည်း နီးစပ်ရာကို စပ်စပ်စုစု မေးမြန်းမှုတွေ လုပ်ခဲ့သလို တစ်ဘက်ခြံက ဆရာမရဲ့  လှုပ်ရှားမှု မှန်သမျှကို အမြဲတစေ ဂရုတစိုက်ကြည့်မိပါတယ်။ ရောဂါဝေဒနာကြောင့် အငြိမ်းစားယူ ထားပေမယ့် အနီးအနားက ကလေးတွေ ကို အင်္ဂလိပ်စာသင်ပေးနေတာ အထူးကောင်းမွန်တာ တွေ့ ရပါတယ်။ စိတ်ဝေဒနာသည်တွေဟာ သူတို့  သင်ယုရရှိထားတဲ့ ပညာရပ်တွေကို မမေ့လျော့ကြ ပါဘူး။ ဒါကြောင့် ယဉ်ယဉ်လေးရူးနေသူလို့ သိနေပေမယ့် မိဘတွေက ဆရာမကို ယုံယုံ ကြည်ကြည်နဲ့ ပို့  လွှတ်သင်ကြားစေတာ ဖြစ်ပါလိမ့် မယ်။
ဆောင်တော်ကူးပန်း ကို ကျွန်မတို့ က ဒီဇင်ဘာပန်းလို့  ခေါ်ပါတယ်။ ဒီဇင်ဘာလမှာ ပွင့်လို့  ဒီဇင်ဘာပန်းလို့  ခေါ်တာဖြစ်မယ်ထင်ပါတယ်။ ကျွန်မ တို့ အိမ်နဲ့ တစ်ဘက်အိမ်ကို အုတ်တံတိုင်းမခတ်ခင် က ခြံစည်းရိုးမှာ ဒီဇင်ဘာပန်းတွေ ဝေနေအောင်ပွင့်တဲ့ ဒီဇင်ဘာတွေကို ဆယ်နှစ်ဆယ်ကြိမ်မက ကြုံခဲ့ဖူးပါတယ်။ ဒီဇင်ဘာပန်းတွေဖူးနေတာမြင်တော့  သတိတရရှိမိသူက သနားစရာကောင်းတဲ့ မိန်းမ တစ်ယောက်ပေါ့။ူ ပန်းတွေခူးပြီး ဘုရားကပ်လှူဖို့  လာပေးလေ့ ရှိသည့် ထိုမိန်းမသည် ကျွန်မ၏ မြန်မာစာဆရာမ အဖြစ် ခေတ္တသင်ကြားပေးဖူးသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပင်စင်ယူလိုက်ရပါတယ်။ စိတ်ဝေဒနာကြောင့် စာသင်ဖို့  မဖြစ်နိုင်တာနဲ့ အနားပေး လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့  အိမ်ပြောင်းရွှေ့ လာပြီး ဆရာမနဲ့ အိမ်နီးနားချင်းဖြစ်ခဲ့ တဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့  စိတ်ဝင်စားမှုတွေ အထူးတလည် တိုးပွားလာပါတယ်။ ဒါကြောင့်လည်း နီးစပ်ရာကို စပ်စပ်စုစု မေးမြန်းမှုတွေ လုပ်ခဲ့သလို တစ်ဘက်ခြံက ဆရာမရဲ့  လှုပ်ရှားမှု မှန်သမျှကို အမြဲတစေ ဂရုတစိုက်ကြည့်မိပါတယ်။ ရောဂါဝေဒနာကြောင့် အငြိမ်းစားယူ ထားပေမယ့် အနီးအနားက ကလေးတွေ ကို အင်္ဂလိပ်စာသင်ပေးနေတာ အထူးကောင်းမွန်တာ တွေ့ ရပါတယ်။ စိတ်ဝေဒနာသည်တွေဟာ သူတို့  သင်ယုရရှိထားတဲ့ ပညာရပ်တွေကို မမေ့လျော့ကြ ပါဘူး။ ဒါကြောင့် ယဉ်ယဉ်လေးရူးနေသူလို့ သိနေပေမယ့် မိဘတွေက ဆရာမကို ယုံယုံ ကြည်ကြည်နဲ့ ပို့  လွှတ်သင်ကြားစေတာ ဖြစ်ပါလိမ့် မယ်။
" ကယ်ကြပါဦး။ ကျွန်မ နို့ ကို ဦး………ကြီး
နှိုက်နေပါတယ်… ကယ်တော်မူကြပါ… ဦး………ကြီး
ကျွန်မကို မုဒိမ်းကျင့်နေပါတယ်……………………………
……………………………………"
( အဲဒီ dot dot dot တွေကို တော့ ကျွန်မရေးမပြ
တော့ပါဘူး ) ခေတ်ပညာတတ်ဆရာမ တစ်ယောက်
ဖြစ်ခဲ့ပေမယ့် စိတ်ဖောက်ပြန်ချိန် ထင်ယောင်ထင်မှား
ဖြစ်မှုတွေကနေ အသိစိတ်ကင်းလွတ်စွာ ထွက်ရှိလာတဲ့
စကားရပ်တွေ ပါ။
ကျွန်မတို့  အိမ်တံခါးဖွင့်ကြည့်မိချိန်မှာတော့
ဆရာမက ခြံထဲ ရောက်နေပြီး ခြံတံခါးဝကနေ ထွက်
ပြေးဖို့  ကြိုးစားနေပါတယ်။ ဆရာမ အစ်မနဲ့ တူမက
ဆရာမ ခန္ဓာကိုယ်ကို အတင်းဖက်ပြီး ထိန်းထားရပါ
တယ်။ ဆရာမ တူမက ဒေါ်လေး သတိထား ဒေါ်လေး
သတိထား လို့  အော်ပြီး သတိပေး
နေပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်လူကြီးတွေ
ရောက်လာပြီး ဆရာမကို အကျိုးအကြောင်း ပြောပြ
ခိုင်းပါတယ်။ ရပ်ကွက်လူကြီးတွေ ရောက်လာချိန်မှာ
မေမေ နဲ့ တစ်ခြားအိမ်နီးနားချင်းတွေ တစ်ဘက်ခြံ
ကို ကူးသွားကြပါတယ်။
ဆရာမကို အမောပြေ အအေးသောက်ဆိုပြီး
အအေးထဲမှာ ဆေးထည့်တိုက်လိုက်တော့ အိပ်ပျော်
သွားပါတော့တယ်။ စိတ်ပညာအခြေခံ နှစ်နှစ်သင်ကြား
ဖူးတာရယ် ဖတ်ဖူးတဲ့ စိတ်ပညာစာအုပ်တွေကြောင့်
ထင်ရောင်ထင်မှားဖြစ်မှုတစ်ခုဆိုတာ ကျွန်မသေချာ
နားလည်ပါတယ်။ ဒါပေမဲ့ ဆရာမရဲ့  အမည်တပ်စွပ်စွဲ
ခံရသူ ဘယ်သူဆိုတာကို သိချင်တဲ့ စိတ်က
ထိန်းမရပါဘူး။
မေမေ ပြန်ရောက်ရောက်ချင်း
" ဦး ………ကြီးဆိုတာ ဘယ်သူလဲမေမေ ''လို့
မေးလိုက်ပါတယ်။ မေမေ အဖြေကို ကြားတော့
ကျွန်မ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားပါတယ်။
့
" အဲဒါ ဆရာမ အဖေလေ "
Sunday, November 9, 2014
ART NOT ADS
<a href="http://www.adfreeblog.org/"
target="_blank"> <img src="http://www.adfreeblog.org/art_not_ads.jpg"></a>http://www.adfreeblog.org/
ပျင်းပျင်းနဲ့ Blog တွေ လျှောက်ဖတ်နေတာ။ အနုပညာက ကြော်ငြာမလိုအပ်။
ပျင်းပျင်းနဲ့ Blog တွေ လျှောက်ဖတ်နေတာ။ အနုပညာက ကြော်ငြာမလိုအပ်။
Friday, October 24, 2014
ဒီနေ့  10 25 14
ဒီနေ့ 
အခု အိပ်မက်ဆုံရာ အစီအစဉ် ပြန်လာနေတာ ကြည့်နေတယ်။ ရှိုင်းဆိုတာ နားထောင်နေတာ။
ပါ နဲ့ ဘာ အသံထွက်တွေ ပါ ဖြစ်လိုက် ဘာဖြစ်လိုက်
ဖြစ်နေတာ တစ်ခုပဲ။ တော်တော် ကောင်းသားပဲ။
အင်းစိန်က အဆိုတော်အသစ်တစ်ယောက်ထပ် ထွက်လာမယ် ထင်ပါတယ်။
ဗဒင် နောက်တစ်ယောက်ထပ်ပေါ်လာစေချင်တယ်။
ရေးဆိုတီးမှာ ကြိုးစားနေတဲ့လူငယ်လေး တစ်ယောက်
ပေါ့။ သူ့ ဓာတ်ပုံ ရိုက်မယူလိုက်မိဘူး။
အခု အိပ်မက်ဆုံရာ အစီအစဉ် ပြန်လာနေတာ ကြည့်နေတယ်။ ရှိုင်းဆိုတာ နားထောင်နေတာ။
ပါ နဲ့ ဘာ အသံထွက်တွေ ပါ ဖြစ်လိုက် ဘာဖြစ်လိုက်
ဖြစ်နေတာ တစ်ခုပဲ။ တော်တော် ကောင်းသားပဲ။
အင်းစိန်က အဆိုတော်အသစ်တစ်ယောက်ထပ် ထွက်လာမယ် ထင်ပါတယ်။
ဗဒင် နောက်တစ်ယောက်ထပ်ပေါ်လာစေချင်တယ်။
ရေးဆိုတီးမှာ ကြိုးစားနေတဲ့လူငယ်လေး တစ်ယောက်
ပေါ့။ သူ့ ဓာတ်ပုံ ရိုက်မယူလိုက်မိဘူး။
Saturday, October 11, 2014
လိပ်ပြာစစ်တမ်း( ၁)
အခန်း -၁
လိပ်ပြာတစ်ကောင်။
မည်သည့် အချိန်ကတည်းက အခန်းထဲတွင်
ပိတ်မိနေသည် မသိ။
ကျွန်မ မြင်ဖူးနေကျ အရောင်အဆင်းနှင့်မတူ ကွဲပြား
သလို ဆင်လိပ်ပြာထက် အတန်ငယ်ကြီးသော
လိပ်ပြာတစ်ကောင်။ အခန်းထောင့်မှာ ရှိသည့်
ရွက်လှပန်းပင်ပေါ်တွင် နားနေသည်။ အရုပ်တစ်ရုပ်
များလား။
ကျွန်မအတွေးကို ရိပ်မိသည့်အလား ရုတ်တရက်
ထပျံလိုက်သည်။ ထို့ နောက် ကျွန်မ၏ ဘယ်
ပုခုံးစွန်းတွင် လာနားလေသည်။ လိပ်ပြာအစစ်
တစ်ကောင်ပဲ။ ကျွန်မ သူ့ အတောင်ပံ တစ်ဘက်ကို
ထိတို့ ကြည့်လိုက်သည်။ နူးညံ့သော အထိအတွေ့ 
က ကျွန်မကို ကြည်နူးမိစေပါသည်။ ထိုစဉ် လိပ်ပြာ
သည် ကျွန်မ၏ ညာဘက်လက်ဖျံပေါ်သို့  ပျံသန်းကာ
နားလိုက်သောကြောင့် သက်တံ ရောင်စုံ ချယ်ထား
သည့်အလား လှပလွန်းသည့် တောင်ပံ နှစ်ဘက်စလုံး
ကို အနီးကပ် မြင်တွေ့  လိုက်ရသည်။
" အို……လှလိုက်တာ လိပ်ပြာလေးရယ်"
ဟု အသံထွက်ရေရွတ်လိုက်မိသည်။
ထိုစဉ်
" ရွှေလိပ်ပြာ "
" ရွှေလိပ်ပြာ" ဟု ခေါ်သံ ကြားလိုက်ရသည်။
ကျွန်မကို
ဘယ်သူခေါ်နေပါလိမ့်။ ခေါ်သံသည် အပြင်ဘက်မှ လာသည့် အသံမဟုတ်။
ကျွန်မတစ်ယောက်တည်းရှိနေသည့် အခန်းအတွင်းမှ
ကြားနေရခြင်းဖြစ်သည်။ နောက်တစ်ကြေိမ် ရွှေလိပ်ပြာ
ဟု
ခေါ်သံကြား ချိန်မှာ တော့ အသံရှင်မည်သူ ဆိုသည်ကို
ကျွန်မ သိလိုက်ရ ပါသည်။ သက်တံရောင်လိပ်ပြာလေးက
ကျွန်မကိုခေါ်နေခြင်းပင်။
လိပ်ပြာက လူစကားပြောသည်ကို ကြားလိုက်ရ
သဖြင့် " လိပ်ပြာက လူစကားပြောတတ်တယ်လား"
ဟု မေးလိုက်မိသည်။ ထိုအခါ သက်တံလိပ်ပြာက "လူတိုင်းကိုတော့ မပြောပါဘူး လိပ်ပြာဖြစ်မယ့်သူတွေကိုတော့ နိမိတ်ပြပေးရတယ်။ လိုအပ်ရင် စကားပြောပေးရတယ်"
ဟု ပြောပါသည်။ ကျွန်မ အသံထွက်အောင် ရယ်မော
လိုက်ရင်း " ဒါဆို နောက်ဘဝကျရင် ကျွန်မက
လိပ်ပြာဖြစ်လိမ့်မယ်ပေါ့ ။ ဟုတ်လား"
ဟု ပြောလိုက်သည်။
" မင်းသာ ဆန္ဒရှိရင် အခုချက်ခြင်း လိပ်ပြာဖြစ်အောင်
လုပ်ပေးလို့  ရပါတယ် ရွှေလိပ်ပြာ "
သက်တံလိပ်ပြာ၏ ပြောစကားကို ကြားလိုက်
လိပ်ပြာက လူစကားပြောသည်ကို ကြားလိုက်ရ
သဖြင့် " လိပ်ပြာက လူစကားပြောတတ်တယ်လား"
ဟု မေးလိုက်မိသည်။ ထိုအခါ သက်တံလိပ်ပြာက "လူတိုင်းကိုတော့ မပြောပါဘူး လိပ်ပြာဖြစ်မယ့်သူတွေကိုတော့ နိမိတ်ပြပေးရတယ်။ လိုအပ်ရင် စကားပြောပေးရတယ်"
ဟု ပြောပါသည်။ ကျွန်မ အသံထွက်အောင် ရယ်မော
လိုက်ရင်း " ဒါဆို နောက်ဘဝကျရင် ကျွန်မက
လိပ်ပြာဖြစ်လိမ့်မယ်ပေါ့ ။ ဟုတ်လား"
ဟု ပြောလိုက်သည်။
" မင်းသာ ဆန္ဒရှိရင် အခုချက်ခြင်း လိပ်ပြာဖြစ်အောင်
လုပ်ပေးလို့  ရပါတယ် ရွှေလိပ်ပြာ "
သက်တံလိပ်ပြာ၏ ပြောစကားကို ကြားလိုက်
ရချိန်မှာ
ကျွန်မ မှင်တက်မိသွားသည်။ ကျွန်မကိုယ်
ကျွန်မ ပြန်ဆန်းစစ်ကြည့်သောအခါ
ကလေးဘဝက လိပ်ပြာတစ်ကောင်ကဲ့သို့  ပျံသန်းကြည့်ချင်ခဲ့ဖူးသည့်
စိတ် အမှန်တကယ် ဖြစ်ခဲ့ဖူးပါသည်။ ရွှေလိပ်ပြာဆို
သည့် အမည်ကလည်း ကျွန်မကို ကိုယ်ဝန်ဆောင်ခိျန်
တွင်ျရွှလိပ်ပြာဟု အမည်ပေးရန် မေမေ့အား ခဏခဏ အိပ်မက်ပေးခဲ့သည့်အတွက် ပေးခဲ့ရခြင်းဖြစ်သည်။ ကျွန်မကို မွေးသည့်နေ့က အိမ်ခြံဝန်းထဲမှာ လိပ်ပြာများ အမြောက်အမြား တွေ့ ခဲ့ရသည်ကလည်း ရွှေလိပ်ပြာဟု အမည်ခေါ်တွင် စေခဲ့ရသည့် အကြောင်းအချက်လည်း ဖြစ်သည်ဟု သိခဲ့ရသည်။
အဓိပ္ပာယ်မရှိတာတွေ။ ပေါက်ကရတွေ ။
မဖြစ်နိုင်တာတွေ။ အိပ်မက် မက်နေတာပဲ နေမှာပါ။
လိပ်ပြာက စကားပြောတယ်ဆိုကတည်းက စမှား
နေတာ။ အခု လူကို လိပ်ပြာတစ်ကောင် ဖြစ်အောင်လုပ်
ပြမယ်တဲ့။ အလကား အိပ်မက် အစုပ်ပလုတ်။
" ရွှေလိပ်ပြာ
မင်းအခု အိပ်မက်လို့  ထင်နေတာတွေ
အကုန်လုံး တကယ်ဖြစ်နေတာ။
မင်း တကယ်ဖြစ်နေတယ်လို့  သိနေတာတွေက
အိပ်မက်ဆိုရင် မင်းဘာလုပ်မလဲ "
သက်တံလိပ်ပြာက ကျွန်မကို မေးခွန်းထုတ်ရင်း ပြတင်းပေါက်ကနေ ရုတ်တရက် ပျံထွက်သွားလေသည်။
စိတ် အမှန်တကယ် ဖြစ်ခဲ့ဖူးပါသည်။ ရွှေလိပ်ပြာဆို
သည့် အမည်ကလည်း ကျွန်မကို ကိုယ်ဝန်ဆောင်ခိျန်
တွင်ျရွှလိပ်ပြာဟု အမည်ပေးရန် မေမေ့အား ခဏခဏ အိပ်မက်ပေးခဲ့သည့်အတွက် ပေးခဲ့ရခြင်းဖြစ်သည်။ ကျွန်မကို မွေးသည့်နေ့က အိမ်ခြံဝန်းထဲမှာ လိပ်ပြာများ အမြောက်အမြား တွေ့ ခဲ့ရသည်ကလည်း ရွှေလိပ်ပြာဟု အမည်ခေါ်တွင် စေခဲ့ရသည့် အကြောင်းအချက်လည်း ဖြစ်သည်ဟု သိခဲ့ရသည်။
အဓိပ္ပာယ်မရှိတာတွေ။ ပေါက်ကရတွေ ။
မဖြစ်နိုင်တာတွေ။ အိပ်မက် မက်နေတာပဲ နေမှာပါ။
လိပ်ပြာက စကားပြောတယ်ဆိုကတည်းက စမှား
နေတာ။ အခု လူကို လိပ်ပြာတစ်ကောင် ဖြစ်အောင်လုပ်
ပြမယ်တဲ့။ အလကား အိပ်မက် အစုပ်ပလုတ်။
" ရွှေလိပ်ပြာ
မင်းအခု အိပ်မက်လို့  ထင်နေတာတွေ
အကုန်လုံး တကယ်ဖြစ်နေတာ။
မင်း တကယ်ဖြစ်နေတယ်လို့  သိနေတာတွေက
အိပ်မက်ဆိုရင် မင်းဘာလုပ်မလဲ "
သက်တံလိပ်ပြာက ကျွန်မကို မေးခွန်းထုတ်ရင်း ပြတင်းပေါက်ကနေ ရုတ်တရက် ပျံထွက်သွားလေသည်။
*** *** ***
အိပ်မက်တို့ မည်သည် လက်တွေ့ ဘဝနှင့်
ထပ်တူမတူညီနိုင်သည်ကို ကျွန်မ နားလည်ပါသည်။
သို့ သော် ကျွန်မနေ့စဉ်ဖြတ်သန်းနေရသော ပစ္စက္ခ
အနေအထားသည် အိပ်မက်မက်နေခြင်းလား လက်
တွေ့ နေထိုင်ကျင်လည်နေသည့် ဘဝလား ဆိုသည်
ကို ကိုယ်တိုင်မခွဲခြားနိုင်သလို ဖြစ်နေတတ်ပါသည်။
သက်တံရောင် အတောင်ပံများရှိသော သက်တံ
လိပ်ပြာကို အမှန်တကယ် မြင်ခဲ့ စကားပြောခဲ့သည်
သို့ မဟုတ် အိပ်မက်မက်ခဲ့သည်။ ထိုနှစ်ခုမှာ အိပ်မက်
မက်ခြင်းသာလျှင် ဖြစ်ပါလိမ့်မည်။ ကျွန်မ အိပ်မက်
မက်သည်ဟု ထင်နေသည်များက တကယ်ဖြစ်နေ
ခြင်းဖြစ်ကာ တကယ်ဖြစ်နေခြင်းများက အိပ်မက်
ဖြစ်နေလျှင် ကျွန်မအတွက် ပိုကောင်းမည် ထင်သည်။
လိပ်ပြာတစ်ကောင်နဲ့  စကားပြောနေရင် နေရပါစေ
သို့ မဟုတ်လိပ်ပြာတောင်ပံတွေ ပေါက်ပြီး လိပ်ပြာတစ်ကောင်ဖြစ်လျှင် ဖြစ်သွားပါစေ။ အခုလက်ရှိဘဝ အနေအထားကကျွန်မအတွက်
ခါးသီး လွန်းလှသည်။ ဆိုရွားလွန်းသည့်ဘဝ အနေအထားကို မစဉ်းစားချင်သောကြောင့်
ရွှေလိပ်ပြာသည် မျက်စိစုံမှိတ်ကာ အသက်ပြင်းပြင်း
ရှူလိုက်သည်။
အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ၁၅ကြိမ်မျှ ပြုလုပ်ရင်းဆိပ်လူးပန်းရနံ့များ မွှေးကြိုင်နေသည်ကို ကျွန်မ သတိထားမိလိုက်သည်။ ခြံစည်းရိုးအစပ်ရှိ ဆိပ်ဖလူးပင်မှာအပွင့်တွေ ဝေနေပြီ ပဲ။ ငယ်ငယ်တုန်း
က ဆိပ်ဖလူးပန်းတွေ ကောက်ပြီး သီကုံးခဲ့ဖူးသလား။ ငယ်ငယ်တုန်းက နေခဲ့တဲ့အိမ်နဲ့ အခု နေတဲ့အိမ် အတူတူပဲလား ငယ်ငယ်တုန်းက ကျွန်မရဲ့ စိတ်ကူး
အိပ်မက်တွေက ဘာလဲ။ အတွေးတစ်ခု အစပျိုးမိလျှင် နောက်ထပ်အတွေးများ ဆက်တိုက် လိုက်လာပြီး ခေါင်းထဲမှာ ရှုပ်ထွေးလာတော့သည်။ တော်ပြီ၊။
မစဉ်းစား ချင်တော့ဘူး။
ကောင်းကင်ပြာမှာ မိုးတိမ်တိုက်တွေ ကင်းစင် နေသည်။ ညနေ နေဝင်ဆည်းဆာ တိမ်တောက်ချိန်
သည် ပန်းချီဆရာတစ်ဦး ဆေးချယ် ရေးဆွဲမမှီ နိုင်
လောက်အောင် လှပနေပါသည်။ ကျွန်မသည် သဘာဝ
တိမ်ပန်းချီကားချပ်ကို ငေးကြည့်ရာမှ လသာဆောင်
တစ်ဘက်စွန်းကို လှမ်းကြည့်မိစဉ် ပန်းချီရေးဆွဲနေသော
အသက် ၁၂နှစ် ၁၃နှစု အရွယ်ခန့် ရှိသည့် မိန်းကလေး
တစ်ယောက်ကို မြင်လိုက်မိသည်။ ထိုအခါ ကျွန်မ အဲဒီ
အသက်အရွယ်မှာ ဘာတွေလုပ်ခဲ့သလဲ။ ဒီကလေးမ
လေးလို ပန်းချီဆွဲတတ်သလား ဟု စဉ်းစားကြည့်တော့
ခေါင်းထဲ မူးနောက်နောက် ဖြစ်လာပြန်သည်။ ကျွန်မ
မျက်စိ တစ်ချက်မှိတ်၍ အသက် ခပ်မျှင်းမျှင်း ရှူနေလိုက်
သည်။ မျက်စိကို အနားပေးထားပြီး ဘာမှဆက်မတွေး
တော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ခဏအကြာ
လသာဆောင် တစ်ဘက်စွန်းကို ကြည့်မိသည်။ ပန်းချီ
ဆွဲနေသော ကောင်မလေးဆိုသည်မှာ ကျွန်မ၏ အာရုံ
တွင် ပေါ်ပေါက်လာသော ထင်ရောင်ထင်မှာ ဖြစ်မှု တစ်ခု
သာ ဖြစ်သည်။
ထိုအခိုက်ယုဇနပင်ပေါ်မှ လိပ်ပြာများ အုပ်လိုက်
ထပျံကြသည်။ လိပ်ပြာများသည် ခပ်ဝေးဝေးကို ပျံသန်းသွားခြင်း မဟုတ်ပဲ ပျံသန်းလိုက် ပန်းပွင့်များပေါ်
နားလိုက်ဖြင့် ပြုလုပ်နေကြလေသည်။ ထို မြင်ကွင်း
သည် ထင်ရောင်ထင်မှား ဖြစ်ခြင်းလား တကယ်လား
အတိအကျ သေချာသိရအောင် ပြုလုပ်ရမည်။ ကျွန်မ
လက်ထဲမှာ ရှိသည့် ဖုန်းကင်မရာဖြင့် လိပ်ပြာများကို
ဓာတ်ပုံ ရိုက်ယူရင်း စိတ်ထဲတွင် ကျေနပ်နှစ်သက်
မှုကို ခံစားမိသည်။
အမှန်တကယ်လား။ ကျွန်မဘာသာ ထင်ရောင် ထင်မှားဖြစ်တာလား သိရှိရန် ဓာတ်ပုံ ရိုက်ယူထားရမည်။ အိပ်မက်တွေကိုဓာတ်ပုံရိုက်လို့ မှ မရတာ။ ဟုတ်တယ် မဟုတ်လား။ဒါ့အပြင် ကျွန်မသူငယ်ချင်းပါလို့  ပြောသည့် ဒေါက်တာမသက်ရီ ( သူ့ နာမည်အမှန်က မသက်ရီ မဟုတ်ပါ။ ကျွန်မသူ့ အမည်ကို မမှတ်မိသောကြောင့် ခေါ်တဲ့အမည်ပါ)က စိတ်ထဲမှာ ပေါ်လာသမျှကို စာဖြင့် ရေးမှတ်ခိုင်းပါသည်။
နေ့ စဉ်မှတ်တမ်း ပုံမှန်ရေးပြီး စိတ်ထဲပေါ်လာသမျှ ချရေးထားဟု ပြောပါသည်။ ဒေါက်တာမသက်ရီက မိုးညအိပ်
မက်မြူဝတ္ထုထဲက စိတ်ပညာရှင်အမည်ပေါ့။ ကျွန်မသူငယ်
ချင်းကလည်း စိတ်ပညာဖြင့် Ph.D ဘွဲ့ရထားတာ ဆိုတော့ ဒေါက်တာ မသက်ရီ လို ပဲပေါ့။ ကျွန်မက ကျွန်မ
နာမည်ကို လည်း မမှတ်မိသလို ကျွန်မ မိဘတို့ ၏ နာမည်များကိုလည်း မမှတ်မိပါ။ ထို့ အတူ ဆွေမျီုးများ သူငယ်ချင်းများ၏ အပည်များကိုလည်း မမှတ်မိပေ။
ရွှေလိပ်ပြာဆိုသည့် အမည်တောင် သက်တံလိပ်ပြာနှင့်
စကားပြောရင်း အမှတ်ပြန်ရခြင်းပင်ဖြစ်သည်။ ဒေါက်တာ
မသက်ရိက ရွှေလိပ်ပြာက အိမ်နာမည် ဖြစ်ပြီး ကျောင်း
ခေါ်အမည် သို့ ပဟုတ် ရုံးသုံးအမည် ကို စဉ်စားကြည့်ပါ
ဟုပြောပါသည်။ နာမည်များကို မမှတ်မိဆိုသော်လည်း
ကျွန်မစိတ်ထဲတွင် အမည်တစ်ခု မကြာခဏ ပေါ်လာတတ်
သည်။ dnaung1975 ဆိုသော စကားစုကို အသံထွက်
သေချာမသိပေ။
စိတ်ထဲပ်ါလာတာ ချရေးကြည့်ဆိုသဖြင့် ကျွန်မ
ချရေးကြည့်ပါသည်။
dnaung1975@gmail.com
mllesgdbutterfly1980@ gmail.com
ဟူ၍ ရေးလိုက်မိသည်။ ဒီလောက်ပဲ တော်ပြီ။ ခေါင်းမူး
ပြီး အိပ်ချင်သလိုလို ဖြစ်လာသောကြောင့် စာကြည့်ခန်း
မှ ထွက်ကာ အိပ်ခန်းထဲသို့  ဝင်လာခဲ့သည်။ အခန်ထဲ
အဝင်မှာ ရွက်လှပင်ပေါ်သို့  အကြည့်တစ်ချက် ရောက်
သွားသည်။ သက်တံလိပ်ပြာ မရှိပါ။ အိပ်မက်ထဲက
လိပ်ပြာကို အပြင်မှာ ရှာတွေ့ ပါ့မလား။
အိပ်ပျော်လုပျော်ခင် အချိန်မှာ ရွှေလိပ်ပြာဟု
ခေါ်သံ ကြားလိုက်သည်။ မျက်စိဖွင့်ကြည့်ချိန်မှာတော့
သက်တံလိပ်ပြာက ကျွန်မမျက်စိတူရူမှာ ပျံဝဲလို့ ။
ကျွန်မ မအိပ်ခင် သက်တံ လိပ်ပြာ ရောက်လာသလား
ယခု အဖြစ်အပျက်အကုန်လုံသည် အိပ်မက် သက်သက်
လား ဆိုတာ ကျွန်မ သည်းသည်းကွဲကွဲ မသိပါ။ သက်တံ
လိပ်ပြာနှင့် စကားလက်ဆုံ ပြောရင်း ကျွန်မမေ့နေသော
ကျွန်မအကြောင်းများကို သူသိသလောက် ပြောပြပေး
ဖို့  ပြောကြည့်လိုက်သည်။
xxx xxxxxx xxxxxx xxx
ကျေးငှက်သံ ကျီကျီကျာကျာ ကြားရသည့်အခါ ကျွန်မအိပ်ရာမှ နိုးလာသည်။ ရွက်လှပင်ကို သတိတရ ကြည့်မိသည်။ရွက်လှပန်းရွက်များပေါ်တွင် သက်တံ လိပ်ပြာ မရှိပါ။ အခန်းတွင်းသို့  ကြည့်လို့ ရသလောက် ခေါင်းစောင်း၍ ကြည့်မိသည်။ အိပ်မက်တစ်ခုပဲပေါ့။
အိပ်မက်ဟုတ်မဟုတ် သေချာအောင် ဓာတ်ပုံရိုက်ယူ
ရန် စိတ်ကူးထားသော်လည်း ဓာတ်ပုံ ရိုက်ဖြစ်သလား
မရိုက်ဖြစ်ဘူးလား ကျွန်မသေချာမသိပါ။ ဓာတ်ပုံမရိုက်
ဖြစ်သော်လည်း မှတ်စုစာအုပ်ထဲတွင် သက်တံလိပ်ပြာ
နှင့် စကားပြောရင်း အချက်အလက်အချို့  ရေးမှတ်ခဲ့
သည်ကို အမှတ်ရသည်။ ဘာတွေ ရေးထားခဲ့သလဲ သွားကြည့်ရမည်။ မှတ်စုစာအုပ် ဘယ်မှာထားခဲ့မိပါ
လိမ့်။ စာကြည့်စားပွဲပေါ်မှာ ရှိလိမ့်မည် ထင်သည်။
စာကြည့်စားပွဲကို သွား၍ မှတ်စုစာအုပ်ကို သွားရှာရန်
ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ ကျွန်မ၏
ခြေထောက်အစုံသည် လှုပ်ရှား၍ မရပါ။ မဟုတ်သေး
ပါဘူး။ မနေ့ကတောင် ခြေထောက်တွေ ကောင်းခဲ့တယ်
မဟုတ်ဘူးလား။ ဟင့်အင်း။ ကျွန်မ သေချာမမှတ်မိပါ။
မနေ့ က ကျွန်မ၏ လှုပ်ရှားမှု အစုစုကို ကျွန်မသေချာ
မမှတ်မိတော့ပါ။ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်
ဖို့  ကျွန်မ၏ ကိုယ်ခန္ဓာကို ပက်လက်အနေအထားမှ
ဘေးတစ်စောင်း စောင်းကြည့်ရမည်။ တဖြည်းဖြည်း
စောင်း၍ ရလာသောအခါ ခြေထောက်နှစ်ဘက်ကို
ကြမ်းပြင်ပေါ်သို့ လွှဲချလိုက်စဉ် ကုတင်ပေါ်မှ လှိမ့်ချလိုက်
သလို ပြုတ်ကြသွားတော့သည်။
အခန်းတံခါးပွင့်သွားပြီး အခန်းထဲသို့  မိန်းကလေး
တစ်ယောက်ပြေးဝင်လာသည်။ ကျွန်မကို ပွေ့ ချီလိုက်
သည့် အချိန်မှာပဲ အမျိုးသား တစ်ယောက် နှင့် အမျိုးသမီးတစ်ယောက် ဝင်လာသည်။အမျိုးသားကို ဘယ်သူမှန်း မမှတ်မိသော်လည်း အမျိုးသမီးကို မြင်သည်နှင့် ကျွန်မနှုတ်မှ" မမခင်ခင်" ဟု ခေါ်လိုက်မိ သည်။ "မမခင်ခင်ဟုတ်ပါတယ်နော် "ဟု ထပ်ပြောလိုက်
ချိန်မှာတော့
"ဟယ် လိပ်ပြာလေးက မမခင်ခင်ကို မှတ်မိတယ်နော်။
မတွေ့ တာ နှစ်ဒီလောက်ကြာနေတာ။ လိပ်ပြာလေး
ဘာမှ အားမငယ်နဲ့  မမခင်ခင် ရှိတယ်။ ဘာမှ မဖြစ်ဘူး
နေကောင်းသွားမှာ.…ကောင်းသွားမှာ"
မမခင်ခင်က ကရားရေလွှတ်သလို စကားများပြောသလို
လက်ကလည်း ကျွန်မကို ပွေ့ ဖက်လိုက်သည်။ ထို့ နောက် အတူလာသူ အမျိုးသားကို ကုတင်ပေါ်သို့  ပွေ့ ချီပြီး တင်
ခိုင်းပြီးနောက် ကျွန်မကို ထို အမျိုးသားနှင့် ကျွန်မသည်
မောင်နှမဝမ်းကွဲတော်စပ်ကြောင်းနှင့် သူ့ ကို မောင်မောင်ဟု ခေါ်ရန်ပြောသည်။ ကျွန်မ ထိုသူကို မမှတ်မိပါ။ ကျွန်မထက် အသက်ငယ်သည်ဆိုသော်လည်း သူ့ ရုပ်သွင်ပြင်သည်
အသက်ကြီးသည့် ပုံစံပေါက်နေပေသည်။ ကျွန်မအသက် ဘယ်လောက်ရှိနေပြီလဲ ကျွန်မ မသိပါ။
မမခင်ခင်က ကျွန်မမိဘများက မွေးစားခဲ့သော မွေးစားသမီး
ဖြစ်သည်။ ကျွန်မဘဝနှင့် စပ်လျဉ်းသည့် အကြောင်းခြင်းရာ
ပေါင်းများစွာကို မေ့လျော့နေသည့် အခြေအနေမှ အတန် ငယ် ပြန်လည်မှတ်မိလာသည့်အတွက် ကျွန်မ အားတက်
မိသည်။ မမခင်ခင်ဆီက တစ်ချို့ အကြောင်းအရာတွေ
သိရအောင် မေးမြန်းပြီး မှတ်ဉာဏ်ပွင့်အောင် လုပ်မည်။
ဒါပေမဲ့ မမခင်ခင်က ဘာလို့  အသက်ကြီးပြီး အိုတဲ့ပုံ
ပေါက်နေပါလိမ့်။
" မမခင်ခင်…မှန်ယူခဲ့ပါ။ လိပ်ပြာ…မှန်ကြည့်ချင်တယ်"
ကျွန်မမျက်နှာကိုကျွန်မ ဘယ်တုန်းက နောက်ဆုံးမြင်ခဲ့
သလဲ ဆိုတာ ကျွန်မ မသိပါ။ ကျွန်မမျက်နှာကို ကျွန်မ မှတ်မိပါ့မလား။ ကျွန်မ၏ ပိန်လှီသော လက်ချောင်းများကို ငေးကြည့်မိသည်။ထိုလက်အစုံဖြင့် မျက်နှာကို ပွတ်သပ်မိ သည်။ အခန်းပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်
မိသည်။ အခန်းထဲမှာ မှန်တစ်ချပ်မျှ မရှိ။ မမခင်ခင် ၏
မျက်နှာပေါ်တွင် ထူးဆန်းသည့် အရိပ်အရောင် တစ်ခု
မြင်လိုက်ရကသည်။ အောက်ပိုင်းက လှုပ်ရှားမရဖြစ်နေ
သည့်အပြင် သည်မျက်နှာပေါ်တွင် ဘယ်လို ထူးခြားသော
ပြောင်းလဲမှုတွေ ရှိနေပါသေးလဲ။ အတွေးများကြောင့်
စိတ်ရှုပ်ထွေးလာကာ ခေါင်းများကိုက်လာသည်။
ံ်
" မမခင်ခင် မှန်ယူမလာနဲ့တော့
မျက်နှာ သစ်ဖို့  ပြင်ပေးပါ" ဟုပြောလိုက်တော့
စိတ်သက်သာရာ ရသွားသည့် ပုံစံပေါက်သွားသည့်
မမခင်ခင်၏ မျက်နှာကို ကျွန်မ စူးစူးစိုက်စိုက် ကြည့်ရင်
ပြုံးပြလိုက်သည်။ မမခင်ခင်သည် ကျွန်မအမည်
မှတ်မိ သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ကျွန်မ
ဘဝကို ပြန်လည်အမှတ်ရဖို့  မမခင်ခင်ကနေ အစပြု
ရမည်။
မျက်နှာသစ်ဖို့  ရေဇလုံကို တင်ရန် ကုတင်နှင့် တွဲ
လျက်ရှိနေသည့် စားပွဲကို ဆွဲထုတ်လိုက်သည်ကို ကြည့်ပြီး သည်ပုံစံဖြင့် မျက်နှာသစ်ခဲ့ရတာ အကြိမ်ရေ
ဘယ်လောက်များများ ရှိခဲ့ပြီလဲ မသိ။ ဆေးရုံကုတင်ပဲ။
ဒီကုတင်ပေါ်မှာ ရက်ပေါင်း မည်မျှလဲလျောင်း အိပ်စက်
ခဲ့ရသလဲ ဆိုတာလည်း ကျွန်မမသိပါ။ ရွှေလိပ်ပြာ
အမည်ရှိ ကျွန်မသည် ဘဝတစ်လျှောက်မှာ ဘယ်ပုံ
ဘယ်နည်း ပျံသန်းလှုပ်ရှား ရှင်သန်ခဲ့စေကာမူ
ယခုအချိန်တွင် ပိုးတုံးလုံးဘဝ တဖန် ပြန်၍ ရောက်ရှိ
နေပြီ ။ အတောင်ပံတွေ တဖန် ပြန်လည်ရရှိပြီး ပျံသန်းနိုင်မည်လား သို့ တည်းမဟုတ်
ပိုးတုံးလုံး တစ်ကောင်အတိုင်း လဲလျောင်းလျက် စက္ကန့် မိနစ် နာရီ ရက် လ နှစ်ကာလများစွာကို
ပျင်းရိငြီးငွေ့စွာ အဓိပ္ပာယ်မရှိ နေထိုင်သွားမည်လား
ဟု တွေးမိသောအခါ ရင်ထဲမှာ နာကျင်လျက်
မျက်ရည်များ တစ်သွင်သွင် စီးကျလာပါတော့သည်။
cccxxxcccxxx
"ရွှေလိပ်ပြာ…… ထတော့
ရွှေလိပ်ပြာ…… ထတော့
ရွှေလိပ်ပြာ"
သက်တံလိပ်ပြာ ရောက်လာပြီး ကျွန်မကို နှိုးနေပြီ။
မျက်လုံးကို အသာအယာဖွင့်လိုက်တော့ ကျွန်မ နှာခေါင်း
ပေါ်တွင် နားနေသည့် သက်တံလိပ်ပြာက ထပျံသွားသည်။
ကျွန်မ အိပ်ရာထဲမှ အလျင်အမြန် လူးလဲ ထလိုက်ပြီး
သက်တံလိပ်ပြာကို
" နေပါဦး သက်တံလိပ်ပြာ။
ကျွန်မ ရှင့်ကို မေးချင်တာတွေ ရှိသေးတယ်။
ပြီးတော့ ပြောစရာတွေလည်း ရှိတယ်" ဟု လှမ်းပြောလိုက်
သည်။ သက်တံလိပ်ပြာက ရွက်လှပန်းရွက်ပေါ်တွင်
ခိုနားရင်း ကျွန်မကို ဤကဲ့သို့  ပြန်ပြောသည်။
"ရွှေလိပ်ပြာ မင်းမေးမယ့် မေးခွန်းတစ်ချို့ကို ငါဖြေ
မပေးနိုင်ဘူး။ အဖြေတွေကို မသိလို့ တော့ မဟုတ်ဘူး။
တစ်ချို့ မေးခွန်းတွေက မင်းဘာသာမင်း ပြန်မေးပြီး
အဖြေရှာရမှာ။ ငါ အခုလာတာက လိပ်ပြာတစ်ကောင်လို ပျံသန်းချင်တဲ့ ဆန္ဒကို ပြည့်အောင် ကူညီဖို့ ပဲ။ မင်းမှာ
လိပ်ပြာဖြစ်ချင်တဲ့ ဆန္ဒ မရှိဘူးဆိုရင် ငါ မင်းဆီ လာပြီး
ခုလို စကားပြောနေစရာ အကြောင်းမရှိဘူး။"
" ကျွန်မ မမှတ်မိတဲ့ အကြောင်းတွေကို ရှင်နဲ့ စကား
ပြောရင်း ပြန်သတိရလာတာတော့ အမှန်ပဲ။ ဒါပေမဲ့
လိပ်ပြာနဲ လူနဲ့  စကားတွေ ပြောလို့ ရတယ်ဆိုတာ
ကတော့ အိပ်မက်ပဲ ဖြစ်မှာပေါ့။ "
ကျွန်မစကားကို သက်တံလိပ်ပြာက ကြားဖြတ်ကာ
ပြောသည့် စကားသံကို ကြားလိုက်ရချိန်မှာတော့
ကျွန်မ တုန် လှုပ် သွားမိပါသည်။ သက်တံလိပ်ပြာ၏
ပြောစကားသည် ကျွန်မနားထဲတွင် ပဲ့တင်ထပ်၍
နေပါတော့သည်။
"မင်းအသက်၄၀ ဖြစ်လာတဲ့ အချိန်ကာလအတွင်းမှာ
တစ်ခြားလူတစ်ယောက်ကို ပြောပြလို့  မယုံနိုင်မယ့် မဖြစ်နိုင်ဘူးဆိုတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးဘူးလား ရွှေနှင်းဆီ"
"အိုး ကျွန်မအသက်၄၀တောင် ရှိနေပြီလား။ကျွန်မ အသက် အဲဒီလောက်တောင် ကြီးသွားပြီလား။
မှတ်ဉာဏ်တွေ ပျက်စီးပြီး သုံးစားမရတော့တဲ့ဘဝနဲ့ အသက်က ၄၀တဲ့။ကျွန်မ ဒီဘဝမှာ မနေချင်တော့ဘူး။ ကျွန်မကို လိပ်ပြာ ဖြစ်အောင်ပဲ လုပ်ပေးတော့။ ကျွန်မ လိပ်ပြာတစ်ကောင်လိုပဲ လှလှပပလေးနေ
ပန်းကလေးတွေရဲ့  ပွင့်ချပ်တွေပေါ်မှာ နားလိုက်။ ပန်းဝတ်ရည်တွေစုပ်လိုက်နေတော့မယ်။ ပြီးတော့
သက်တမ်းကလည်း သိပ်မရှည်ဘူး။ လှလှပပ
ပျော်သလိုနေပြီး မြန်မြန်သေ အေးတာပဲ။ "
ကျွန်မပြောစကားကို နားထောင်ပြီး သက်တံလိပ်ပြာက
ဟက်ဟက်ပက်ပက် ရယ်လေသည်။ ကျွန်မလည်း
သက်တံလိပ်ပြာနှင့် အတူ လိုက်ပါရယ်မောရင်း အဖြစ်
အပျက်တစ်ခုကို အမှတ်ရမိပါသည်။ တကယ်တန်းပြော
ရရင်တော့ အဖြစ်အပျက်များလို့  ပြောရမလားပဲ။ ကျွန်မ
က တစ်ချို့ အဖြစ်အပျက်တွေ မဖြစ်ခင် အဲဒီလို ဖြစ်တော့မယ်ဆိုတာကြိုသိနေခဲ့ဖူးပါသည်။ တစ်ခြား
လူတွေနှင့် ပတ်သက်ပြီး သိပ်အမှတ် မထားမိပေမယ့်
ကျွန်မဘဝ၏ အချို့ သော အဖြစ်အပျက်များသည် အိပ်မက်ထဲကအတိုင်း တစ်သွေမတိမ်း ပြန်ဖြစ်တတ်ပါ သည်။
"ဟင့်အင်း… အားလုံးတော့ အဲလို မဟုတ်ဘူး။
ဒီအဖြစ်အပျက်ကို ကျွန်မသိတယ်… ဒီစကားကို ကြားဖူး
တယ် …အဲဒါနဲ့ စဉ်းစားတယ်။ အဲဒီအခါကျတော့ အိပ်မက်
မက်ဖူးတာလို့  မှတ်မိသွားတယ် "
သက်တံလိပ်ပြာက ဘာမှမမေးခင် ထိုသို့ ဆက်ပြောလိုက်
မိသည်။
'' ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ အိပ်မက်တွေကို
ပြန်စဉ်းစားပြီး ရေးမှတ်တဲ့ အကျင့်ရလာတယ်။
ဟုတ်တယ်။ ကျွန်မမှာ အိပ်မက်တွေကို မှတ်တမ်းတင်
ထားတဲ့ မှတ်စု စာအုပ်တွေ ရှိတယ်။ အခု အဲဒီအကြောင်း
ပြန်မှတ်မိသွားတာ ကောင်းလိုက်တာ"
အကယ်၍ သက်တံလိပ်ပြာနှင့် တွေ့ ဆုံခြင်းသည် အိပ်မက်တစ်ခုဖြစ်နေပါက ကျွန်မ၏ အိပ်မက်မှတ်တမ် ထဲတွင် အိပ်မက်အသစ်အဖြစ် ရေးသွင်း ရမည်။
ကျွန်မ၏ အိပ်မက်မှတ်တမ်း၌ သက်တံလိပ်ပြာနှင့်
တွေ့ ဆုံခြင်းမှတ်တမ်းရှိနေပါလျှင် ယခုဖြစ်ပျက်နေသည့်
အဖြစ်အပျက်များသည် ကျွန်မ၏ အိပ်မက်ထဲကအတိုင်း
တစ်သွေမတိမ်း ပြန်ဖြစ်သည့် ဖြစ်စဉ် တစ်ခုပဲပေါ့။
xxxxxxxxx xxxxxxxxxx xxxxxxxxx
အခန်း ၂
အမည်_ မိုးထွဋ်ရွှေရည်
ငယ်နာမည်_ရွှေလိပ်ပြာ
အသက်_ ၁၃နှစ်
အဘအမည်_ ဦးမိုးထွဋ်
အမိအမည်_ ဒေါ် မြမြခိုင်
ဒေါက်တာ သက်သက်မြိုင်သည် ရွှေလိပ်ပြာ၏ ဆေးကုသမှု မှတ်တမ်းအဟောင်းကို မိမိဆရာဖြစ်သူ
ဒေါက်တာ ဉာဏ်ထွန်းကျော်ထံမှ ယူဆောင်လာကာ အထပ်ထပ် အခါခါ ဖတ်ရှု လေ့လာ သုံးသပ်နေပါသည်။
မှတ်တမ်းအဖုံးပေါ်ရှိ မိုးထွဋ်ရွှေရည် အမည်ရှိ သူငယ်ချင်း
မလေး၏ ပုံရိပ်များကိုလည်း ပြန်မြင်ယောင်လာမိသည်။
၉တန်း ၁၀တန်းစာသင်နှစ် နှစ်နှစ် အတူတူတက်ခဲ့စဉ်က
ဤသို့ စိတ်ရောဂါ ဝေဒနာခံစားဖူးသူဟု ထင်စရာမရှိပါ။
အနေအထိုင် အေးဆေးကာ စာကြိုးစားသူ စာတော်သူ
တစ်ယောက် ဖြစ်သည်။ အပေါင်းအသင်းနည်းပြီး အစဉ်အမြဲ စာအုပ်နှင့် မျက်နှာအပ်ကာ သည်းသည်းမည်းမည်း စာဖတ်သူတစ်ယောက်ပင်။
. ရွှေလိပ်ပြာ၏ ဘဝဖြစ်စဉ်ကို သူမထက် ပိုပြီး သိနေသူ အနည်းအကျဉ်းတွင် မိမိ အပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ရွှေလိပ်ပြာက မိမိကို ယုံကြည်အားထား လာရန် အထူးတလည် ကြိုးပမ်းနေ ရပေသည်။ သို့ သော် လောလောဆယ်မှာ သူမက မိမိအမည်ကိုပင် အသေအချာ မမှတ်မိသေးသော အခြေအနေသို့  ဆိုက်ရောက်နေပေသည်။ ဆေးကုသမှု မှတ်တမ်းများအရ ကျောင်းတစ်နှစ်နားပြီး ရောဂါပြန်ကောင်းသွားချိန်တွင် ကျောင်းပြောင်းရွှေ့ ကာ မိမိတို့  ကျောင်းသို့ ရောက်ရှိ လာခြင်း ဖြစ်ပေသည်။ ၉တန်းမှာ ထူးထူးချွန်ချွန်ရှိသော် လည်း ၁၀တန်းမှာတော့ ဂုဏ်ထူးမထွက်ပဲ ရိုးရိုးသာ
အောင်သည်။
ဒေါက်တာသက်သက်မြိုင်သည် အိမ်ရှေ့ 
ဆင်ဝင်အောက်သို့  ကားဆိုက်လာသည့် အသံကြား
သဖြင့် ဆီးကြိုရန် စာကြည့်ခန်းမှ အိမ်ရှေ့ သို့  ထွက်လာ
လိုက်သည်။ ရွှေလိပ်ပြာလာမည့် အချိန်ရောက်နေပြီ
မဟုတ်လား။
xxxxxxxx xxxxxxxxxxxxxx xxxxxxxx
' ရွှေလိပ်ပြာ… နေကောင်းတယ်နော်''
" နေကောင်းပါတယ် သက်သက်မြိုင်။ကိုယ့်အတိတ်ပုံရိပ်
တွေကို သိပ်များများစားစား အမှတ်မရေတာရယ် ခြေထောက်တွေလှုပ်မရဖြစ်နေတာရယ်က လွဲရင်ပေါ့ "
ရွှေလိပ်ပြာက သက်သက်မြိုင်ဟု သူမအမည်အား အပြည့်အစုံ ခေါ်လိုက်သည်ကို သတိထားလိုက်မိသည်။လွန်ခဲ့သော ၃ရက်က ရွှေလိပ်ပြာကို Medical check up လုပ်ပေးခဲ့သည်။ ရွှေလိပ်ပြာ၏ နေအိမ်မှာပင် စစ်ဆေးမှု အချို့  ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် CT Scan စစ်ဆေးရန် ဒီကနေ့  ချိန်းထားခြင်းဖြစ်သည်။ CT scanအတွက် ပင်လုံဆေးရုံသို့  သွားရမည်ဖြစ်သည်။ ရွှေလိပ်ပြာသည်ဝှီးချဲပေါ်မှ ဧည့်ခန်းပတ်ပတ်လည်ကို လိုက်လံကြည့်ရှု
နေသည်။ ဧည့်ခန်းထောင့်ရှိ ပီယာနိဆီသို့  သွားကာ
ပီယာနို ခလုတ်တွေကို ထိကြည့်နေရာ
" စန္ဒရား တီး ချင်ရင် တီးလေ ရွှေလိပ်ပြာ။ ကိုယ် မတီး
ဖြစ်တော့ပေမယ့် ဖေဖေ့ အမွေဆိုတော့
ဒီစန္ဒယားကို ဂရုတစိုက် ထိန်းသိမ်းထားတာ"
ဟု ဒေါက်တာ သက်သက်မြိုင်က ရွှေလိပ်ပြာကို
စူးစူးစိုက်စိုက် ကြည့်၍ ပြောလိုက်သည်။ ရွှေလိပ်ပြာက
တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေသလို
စန္ဒယား ကို အသံထွက်အောင် မတီးပဲ ပွတ်သပ်ကြည့်
နေသည်။ ထို့ နောက် သူမကို လှမ်းကြည့်ရင်း
"ကိုယ်၈တန်းစာမေးပွဲဖြေပြီး မေမြို့ ကနေ ပြန်လာကာစမှာပေါ့။ အိမ်မှာ ဆရာခေါ်ပြီး ပီယာနို အတီး
သင်ခဲ့တယ်။ ကိုယ်အတီးချင်ဆုံး တူရိယာ တစ်ခုပါ။
ဒါကြောင့်လည်း သေသေချာချာ သင်မယ်လို့  ဆုံးဖြတ်
ထားပေမယ့် ကိုယ်သေချာ ဆက်မသင်ဖြစ်ဘူး။ အဲဒီ
အကြောင်းတွေ မင်းသိတယ်မလား ……"
ရွှေလိပ်ပြာက ဒေါက်တာ သက်သက်မြိုင်ကို
မေးခွန်းထုတ်ရင်း စကားကို အဆုံးသတ်လိုက်သည်။
" ကိုယ် သိသင့်သလောက် သိပေမယ့် ဟိုတုန်းက
မင်းပြောမပြဖြစ်တဲ့ အကြောင်းတွေကို မင်း ကိုယ့်ကို
ရင်ဖွင့်နိုင်ပါတယ်။ မင်းမှတ်မိလာတာတွေ ပြန်ပြောပြ
စေချင်တယ် ရွှေလိပ်ပြာ။ အခု မင်းကိုယ့်ကို ဒေါက်တာ
မသက်ရီလို့  မခေါ်တော့တာနဲ့တင် ကိုယ် တော်တော်
ဝမ်းသာတယ်"
" ကိုယ့် ငယ်ဘဝတုန်းက အကြောင်းတော်တော်များများ ကိုတော့ ပြန်ပြီး မှတ်မိလာပါပြီ။
ပြန်မှတ်မိလာတာတွေ ရေးထားတာ မင်းဖတ်ဖို့ 
ကိုယ်ယူလာတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကို ကိုယ်မေ့
နေတာကမှ ပို ကောင်းဦးမယ်လို့  တွေးမိတယ်"
ရွှေလိပ်ပြာက ဒေါက်တာ သက်သက်မြိုင်စကား အဆုံးမသတ်ခင်ကြား ဖြတ်ပြီး ပြောလိုက်သည်။
ထို့နောက် Note Book တစ်အုပ်ကို ကိုင်ထားသော
အိတ်ထဲမှ ထုတ်ပေးလေသည်။ ဒေါက်တာသက်သက်မြိုင်သည် ဝှီးချဲခြေနင်းပေါ်ရှိ
ရွှေလိပ်ပြာ၏ ခြေဖမိုးအစုံကို ငေးစိုက်ကြည့်မိသည်။
ဆွတ်ဆွတ်ဖြူဖွေးသည့် အသားအရောင်သည် အပြင်
မထွက်တာ ကြာသဖြင့် ပိုဖြူနေသည်ဟု ထင်ရသည်။
သေသေသပ်သပ်လှီးဖြတ်ထားသည့် ခြေသည်းရှည်
များ ပေါ်တွင် ရွှေရောင်လိပ်ပြာပုံလေးများ ဖော်ထား
သည်။ ခြေမနှင့် ခြေညှိုးကြားက ခြေညှပ်မှ နေကြာပွင့်
ဝါဝါနှင့် လိုက်ဖက်လှပေသည်။ နက်ပြာရောင် အမရပူရ
ထွက် ချည်လုံခြည်မှာ ရွှေရောင် ပန်းပွင့်မှာ ရွှေလိပ်ပြာ
တွေ နားနေသည့် အဆင်ဒီဇိုင်းက စက်ပန်းထိုးမဟုတ်
ပဲ လက်ဖြင့် ထိုးထားသော ကိုယ်ပိုင်ဒီဇိုင်း တစ်ထည်သာ
ရှိသည့် လုံ ချည်ဖြစ်သည်။ ပိုးသားအဖြူရောင် အင်္ကျီ
က ရှမ်းရိုးရာ အင်္ကျီပုံစံ ချုပ်ဝတ်ထားသည်။ ဆံပင်ကို
ဘေးတစ်စောင်းသိမ်းပြီး ကျစ်ဆံမြီးကျစ်ထားသည်။
အဝတ်အစား အဆင်အပြင် ဗမာဆန်ဆန်ဝတ်စားသည့်
အလေ့အထက စွဲမြဲနေသည်ကတော့ ချီးကျူးစရာ
ကောင်းပါသည်။ ဒေါက်တာ သက်သက်မြိုင်အနေဖြင့်
ရွှေလိပ်ပြာငယ်စဉ်က စိတ်ကစဥ့်ကလျားရောဂါ ဖြစ်ဖူး
သည့် မှတ်တမ်းရှိသော်လည်း ယခုလက်ရှိရွှေလိပ်ပြာတွင် စိတ်ကစဥ့်ကလျားရောဂါ ပြန်ဖြစ်သည်ဟု တရားသေ
ကောက်ချက်ချ၍ မရသောကြောင့် ဦးခေါင်းတွင် ခိုက်မိ
ဒဏ်ရာရှိမရှိ CT Scan သွားရောက် ရိုက်ကူးရန်
ရွှေလိပ်ပြာနှင့်အတူ ပင်လုံဆေးရုံသို့  ထွက်လာပါသည်။
xxxxxxxxxccccccccxxxxxcccccxxxccc
ဆက်ရန်
ရွှေလိပ်ပြာက စစ်ပွဲမှာ ကောက်ရခဲ့တဲ့ အနောက်တိုင်းသွေးအပြည့် သို့ မဟုတ် တစ်ဝက် ပါနေနိုင်တဲ့ ကလေး တစ်ယောက်။ ဒီကလေးကို တပ်ရင်းမှူး တစ်ယောက်က မွေးစား ခဲ့တယ်။ ကလေးမရနိုင်တဲ့ တပ်ရင်းမှူးကတော်က ရွှေလိပ်ပြာကို သမီးအရင်းလို ချစ်သလောက် သူကိုယ်တိုင် မွေးဖွားခဲ့သလို လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်ဇာတ်လမ်းက ရွှေလိပ်ပြာအတွက် အမှန်တရားကို လက်သင့် မခံနိုင်ဖြစ်စေခဲ့တယ်။ ပျိုဖော်ဝင်စအချိန်မှာ မိခင်အရင်းလို့  မှတ်ထင် ထားတဲ့ မွေးစားမိခင်သေဆုံးမှု တစ်ပြိုင်တည်းမှာပဲ မွေးစားသမီးဆို တဲ့အဖြစ်မှန်ကို သိလိုက်ရတဲ့ အတွက် စိတ်ထိခိုက်ပြီး စကီဇိုဖီးနီးယား စိတ်ကစဥ့်ကလျားရောဂါ ( Schizophrenia) ဖြစ်ခဲ့သူ ဖြစ်သည်။ စိတ်ကစဥ့်ကလျားရောဂါ ( Schizophrenia ) သည် ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၂၄သန်းတွင်ဖြစ်ပွား နေပြီး လူတစ်ထောင်တွင် ၇ဦးနှုန်း ဖြစ်နေသည့် စိတ်ရောဂါတစ်မျိုး ဖြစ်ပြီး ထိုရောဂါဖြစ်ပွားလျှင် မရှိသည့်အရာများကို ရှိသည်ဟုထင်ခြင်း၊ တွေးတောမှု မူမမှန်ခြင်းနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုမူမမှန်ခြင်း ဖြစ် လေ့ရှိသည်။
Thursday, September 11, 2014
လိပ်ပြာစစ်တမ်း ( ၃ )
( ၃ )
လိပ်ပြာတစ်ကောင်။
စိတ်ရှုပ်နေရတဲ့ အထဲ ဒီလိပ်ပြာက တစ်မှောင့်။ မျက်နှာ အရှေ့ တည့်တည့်က နေ ပျံလိုက် မြင်ကွင်းပိတ်အောင်
မျက်ခွံပေါ် လာနားလိုက်။ နဖူးပေါ် လာနားလိုက်နဲ့ 
အတော် မျက်စိနောက် လာပြီ။ ငယ်ငယ်တုန်းက စိတ်နဲ့ 
ဆိုရင် ဖမ်းပြီး တောင်ပံနှစ်ဘက်ကို ဆွဲဖြုတ်လိုက်ပြီ။
ပြီးတော့ သူ့ ကိုယ်လုံးကို ဖိနပ်နဲ့ နင်းချေပစ်လိုက်မှာ။
ဒါပေမဲ့ ကောင်မလေးရှေ့ မှာ ကြမ်းတမ်းရက်စက် ပြလို့ 
မဖြစ်သေးဘူး။ သည်းခံ…သည်းခံရမယ်လို့ သတိပေး
နေရတယ်။ မွေးနေ့ မှာ ချစ်သူနဲ့ ဘုရားအတူတူ သွားပါ
မယ်ဆိုမှ မွေးနေ့ ဆုတောင်းကို သူ့ ထက်စောပြီး
ပထမဆုံးတောင်းသွားတဲ့ တစ်ယောက်ကြောင့် စိတ်
ကောက်နေတယ်ဗျာ။ အဲဒါနဲ့  ချော့နေရတယ်။ အဲဒါ
လိပ်ပြာက အာရုံ နှောက်နေတယ်။
missinnocence2011@gmail.com ဆိုတဲ့
ဂျီမေးလ်အကောင့် ပိုင်ရှင် သူမလေးနဲ့ အွန်လိုင်းမှာ ချက်တင်း (chatting ) ပြောနေတဲ့ အချိန်တုန်းက ဒီလောက် စိတ်ကောက်တတ်မယ်လို့  မထင်ခဲ့မိဘူး။
အပြစ်ကင်းသူလေးတဲ့။ အဲဒီတုန်းက နာမည်နဲလိုက်
အောင် သိမ်မွေ့ နူးညံ့အပြစ်ကင်းလှတယ်လို့  ထင်မိ
တယ်။ အမည်ရင်းက" မြူနှင်းမှုန်လေး "လို့ ခေါ် ပါတယ်။အဖေနာမည် ဦးကိုကိုလေးဆိုတော့
နာမည်မှာ လေးထည့်ထားတာ ဖြစ်မယ်။ တကယ်လို့ 
များ အဖေနာမည် ဦးကိုကိုကြီး သာဆိုရင်
"မြူနှင်းမှုန်ကြီး " ဖြစ်သွား ပြီး ကြောက်စရာ
ပိုကောင်းနေမှာလို့  တွေးမိတော့ ကျွန်တော်ပြုံးမိ
သွားတယ်။ ကျွန်တော်တို့  ယောက်ျားလေး အများစုက
စိတ်ညစ်စရာဆိုရင် ဦးနှောက်ထဲမှာ ကြာကြာသိုလှောင်
မထားပဲ အမြန်ဆုံးရှင်းထုတ်ပစ်ချင်တတ်တာကို မိန်းမ
အများစု နားမလည်ကြသလို မြူမှုန်လေးလည်း
ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော့် ဘဝပေးအခြေ
အနေအရ စိတ်ရှည်ရှည်ထားပြီး ချော့ရပါတော့မယ်။
" ချစ်လေး … ဒီမှာ ကိုယ့်ကို ကြည့်…ကိုယ်ရှင်းပြမယ်
ချစ်လေးပြောသလို နေရင်းထိုင်ရင်း ဘလော့လိုက်တယ်
ဆိုရင် ကိုယ် အရမ်းရိုင်းမသွားဘူးလား … အဲဒီအစ်မကြီး
က ဆိုရှယ်နက်ဝေါ့ခ် ( Social Network ) ရဲ့  ယဉ်ကျေးမှု
အစဉ်အလာအတိုင်း ဝစ်ရှ် (wish)လုပ်တာလေ။ ချစ်လေး
သိပါတယ် ။ ချစ်လေးက လိမ္မာပါတယ်………နော်"
ကျွန်တော် တောင်းတောင်းပန်ပန် ပြောပေမယ့် ကျွန်တော့်ကို တစ်ချက်မှမကြည့်။ ဖုန်းမျက်နှာပြင်ကို
သည်းသည်းမည်းမည်း ကြည့်ရင်း စာတွေ ရိုက်နေပါ
တယ်။ဘေးချင်းကပ်ရက်ထိုင်ပြီးချစ်သူပို့တဲ့မက်ဆေ့ခ်ျ
(message) ကို ဖတ်ရပါဦးမယ်။
ကျွန်တော့် ချစ်သူလေးပို့  ထားတဲ့ မက်ဆေ့ခ်ျ
ကို ဖတ်ကြည့်လိုက်တော့
" ကိုကို ချစ်လေးကို တကယ်ချစ်တယ်ဆိုရင်
အဲဒီမိန်းမကို ဘလော့ရမယ်။ အဲဒီမိန်းမ ကိုကို့ 
အထဲမှာ ရှိနေရင် ချစ်လေးကို မချစ်လို့ ပဲ" တဲ့။
ဘယ်လောက် ချိုင်းဒစ်ရှ် (childish) ဖြစ်ထားသလဲ။
အဲဒါနဲ့  message ပြန်ပို့ ရတယ်။
" ချစ်လေး… သဘောထားကြီးသင့်တယ်။ အခု့ ဝစ်ရှ်လုပ်တဲ့ အစ်မကြီးက စင်္ကာပူမှာနေတာ။
တစ်ခါမှလည်း အပြင်မှာ မတွေ့ ဖူးဘူး။ နေရင်းထိုင်ရင်း လူတစ်ယောက်ကို ဘလော့တယ်ဆိုတာ
လွဲမှားတယ်လို့  ကိုယ်ထင်တယ်။ တကယ်လို့ များ အိမ်ထောင်ပြု ပြီးပြီဆိုရင် လင်နဲ့ မယား ကြားမှာ
တစ်ယောက်နဲ့  တစ်ယောက် ယုံကြည်မှု ထားဖို့ က
အရေးကြီးဆုံးပဲ။ ဟုတ်တယ်မလား ချစ်လေး"
အဲဒီလို စာတွေပို့  အသည်းပုံတွေ
တစ်တုန်တုန် မြည်အောင်ပို့ ။ မွမွတွေ ပို့ လိုက်ရင်
စိတ်ကောက်ပြေလို့  နှုတ်ခမ်းစူတာ လျော့လာပြီ။
အဲဒီလို ဆိုရင်တော့ အခြေအနေ ကောင်းလာပြီလို့ 
ယူဆနိုင်ပါပြီ။
ချစ်သူလေးဆီက စကားသံကြားရပြီဗျ။
"ကိုကို ချေးတောက်ထဲ ချေးရမယ်နော်။
ချေးကလွဲပီး ဘုမ ချေးနဲ့။ ချေးကို ကိုကိုပစ်ထားရင်
ချေးကိုယ် ချေးသတ်သေလိုက်မယ်… ပရောမစ်စ်နော်။
ယောက်ျားကတိ တည်နော် "
"အင်း… ယောက်ျားကတိ တည်မယ်။ ချေးက လွဲရင် နောက်တောက်မချိ ဟီ ဟီ"
စကားမပီရတဲ့ အထဲ စကားပြောကလည်း
မြန်တော့ ချစ်လေးလို့  ပြောတိုင်း ချေးလို့ ပဲ ကြားနေ
ရတော့ ကျွန်တော်လည်း သူ့ ဓာတ်တွေ ကူးလာတာ
ပေါ့။
ခဏနေတော့ နှစ်ယောက်အတူ ဓာတ်ပုံ
အမှတ်တရ ရိုက်ကြတယ်။ ရိုက်တဲ့ပုံတွေကို ကြည့်ပြီး
360 ကင်မရာ မသုံးပဲ ဘယ်လိုရိုက်ရိုက်လှတဲ့
ကိုယ့်ရဲ့  ချေး လို့  အမွှန်းတင်ပေးရပါမယ်။
နှစ်ယောက်တွဲ ဓာတ်ပုံကို ကြည့်လိုက်တော့ ချစ်သူ
လေးရဲ့ ဖြောင့်စင်းတဲ့ ဆံပင်ပေါ်မှာ လိပ်ပြာတစ်ကောင်
တောင်ပံ ဖြန့် ကာ နားလို့ ။
အပြာရောင် လိပ်ပြာတစ်ကောင်။
ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်မယ်ဆိုရင်
ကျွန်တော်က လိပ်ပြာလေး တစ်ကောင်ပေါ့။
ဆက်ရန်
လိပ်ပြာတစ်ကောင်။
စိတ်ရှုပ်နေရတဲ့ အထဲ ဒီလိပ်ပြာက တစ်မှောင့်။ မျက်နှာ အရှေ့ တည့်တည့်က နေ ပျံလိုက် မြင်ကွင်းပိတ်အောင်
မျက်ခွံပေါ် လာနားလိုက်။ နဖူးပေါ် လာနားလိုက်နဲ့ 
အတော် မျက်စိနောက် လာပြီ။ ငယ်ငယ်တုန်းက စိတ်နဲ့ 
ဆိုရင် ဖမ်းပြီး တောင်ပံနှစ်ဘက်ကို ဆွဲဖြုတ်လိုက်ပြီ။
ပြီးတော့ သူ့ ကိုယ်လုံးကို ဖိနပ်နဲ့ နင်းချေပစ်လိုက်မှာ။
ဒါပေမဲ့ ကောင်မလေးရှေ့ မှာ ကြမ်းတမ်းရက်စက် ပြလို့ 
မဖြစ်သေးဘူး။ သည်းခံ…သည်းခံရမယ်လို့ သတိပေး
နေရတယ်။ မွေးနေ့ မှာ ချစ်သူနဲ့ ဘုရားအတူတူ သွားပါ
မယ်ဆိုမှ မွေးနေ့ ဆုတောင်းကို သူ့ ထက်စောပြီး
ပထမဆုံးတောင်းသွားတဲ့ တစ်ယောက်ကြောင့် စိတ်
ကောက်နေတယ်ဗျာ။ အဲဒါနဲ့  ချော့နေရတယ်။ အဲဒါ
လိပ်ပြာက အာရုံ နှောက်နေတယ်။
missinnocence2011@gmail.com ဆိုတဲ့
ဂျီမေးလ်အကောင့် ပိုင်ရှင် သူမလေးနဲ့ အွန်လိုင်းမှာ ချက်တင်း (chatting ) ပြောနေတဲ့ အချိန်တုန်းက ဒီလောက် စိတ်ကောက်တတ်မယ်လို့  မထင်ခဲ့မိဘူး။
အပြစ်ကင်းသူလေးတဲ့။ အဲဒီတုန်းက နာမည်နဲလိုက်
အောင် သိမ်မွေ့ နူးညံ့အပြစ်ကင်းလှတယ်လို့  ထင်မိ
တယ်။ အမည်ရင်းက" မြူနှင်းမှုန်လေး "လို့ ခေါ် ပါတယ်။အဖေနာမည် ဦးကိုကိုလေးဆိုတော့
နာမည်မှာ လေးထည့်ထားတာ ဖြစ်မယ်။ တကယ်လို့ 
များ အဖေနာမည် ဦးကိုကိုကြီး သာဆိုရင်
"မြူနှင်းမှုန်ကြီး " ဖြစ်သွား ပြီး ကြောက်စရာ
ပိုကောင်းနေမှာလို့  တွေးမိတော့ ကျွန်တော်ပြုံးမိ
သွားတယ်။ ကျွန်တော်တို့  ယောက်ျားလေး အများစုက
စိတ်ညစ်စရာဆိုရင် ဦးနှောက်ထဲမှာ ကြာကြာသိုလှောင်
မထားပဲ အမြန်ဆုံးရှင်းထုတ်ပစ်ချင်တတ်တာကို မိန်းမ
အများစု နားမလည်ကြသလို မြူမှုန်လေးလည်း
ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော့် ဘဝပေးအခြေ
အနေအရ စိတ်ရှည်ရှည်ထားပြီး ချော့ရပါတော့မယ်။
" ချစ်လေး … ဒီမှာ ကိုယ့်ကို ကြည့်…ကိုယ်ရှင်းပြမယ်
ချစ်လေးပြောသလို နေရင်းထိုင်ရင်း ဘလော့လိုက်တယ်
ဆိုရင် ကိုယ် အရမ်းရိုင်းမသွားဘူးလား … အဲဒီအစ်မကြီး
က ဆိုရှယ်နက်ဝေါ့ခ် ( Social Network ) ရဲ့  ယဉ်ကျေးမှု
အစဉ်အလာအတိုင်း ဝစ်ရှ် (wish)လုပ်တာလေ။ ချစ်လေး
သိပါတယ် ။ ချစ်လေးက လိမ္မာပါတယ်………နော်"
ကျွန်တော် တောင်းတောင်းပန်ပန် ပြောပေမယ့် ကျွန်တော့်ကို တစ်ချက်မှမကြည့်။ ဖုန်းမျက်နှာပြင်ကို
သည်းသည်းမည်းမည်း ကြည့်ရင်း စာတွေ ရိုက်နေပါ
တယ်။ဘေးချင်းကပ်ရက်ထိုင်ပြီးချစ်သူပို့တဲ့မက်ဆေ့ခ်ျ
(message) ကို ဖတ်ရပါဦးမယ်။
ကျွန်တော့် ချစ်သူလေးပို့  ထားတဲ့ မက်ဆေ့ခ်ျ
ကို ဖတ်ကြည့်လိုက်တော့
" ကိုကို ချစ်လေးကို တကယ်ချစ်တယ်ဆိုရင်
အဲဒီမိန်းမကို ဘလော့ရမယ်။ အဲဒီမိန်းမ ကိုကို့ 
အထဲမှာ ရှိနေရင် ချစ်လေးကို မချစ်လို့ ပဲ" တဲ့။
ဘယ်လောက် ချိုင်းဒစ်ရှ် (childish) ဖြစ်ထားသလဲ။
အဲဒါနဲ့  message ပြန်ပို့ ရတယ်။
" ချစ်လေး… သဘောထားကြီးသင့်တယ်။ အခု့ ဝစ်ရှ်လုပ်တဲ့ အစ်မကြီးက စင်္ကာပူမှာနေတာ။
တစ်ခါမှလည်း အပြင်မှာ မတွေ့ ဖူးဘူး။ နေရင်းထိုင်ရင်း လူတစ်ယောက်ကို ဘလော့တယ်ဆိုတာ
လွဲမှားတယ်လို့  ကိုယ်ထင်တယ်။ တကယ်လို့ များ အိမ်ထောင်ပြု ပြီးပြီဆိုရင် လင်နဲ့ မယား ကြားမှာ
တစ်ယောက်နဲ့  တစ်ယောက် ယုံကြည်မှု ထားဖို့ က
အရေးကြီးဆုံးပဲ။ ဟုတ်တယ်မလား ချစ်လေး"
အဲဒီလို စာတွေပို့  အသည်းပုံတွေ
တစ်တုန်တုန် မြည်အောင်ပို့ ။ မွမွတွေ ပို့ လိုက်ရင်
စိတ်ကောက်ပြေလို့  နှုတ်ခမ်းစူတာ လျော့လာပြီ။
အဲဒီလို ဆိုရင်တော့ အခြေအနေ ကောင်းလာပြီလို့ 
ယူဆနိုင်ပါပြီ။
ချစ်သူလေးဆီက စကားသံကြားရပြီဗျ။
"ကိုကို ချေးတောက်ထဲ ချေးရမယ်နော်။
ချေးကလွဲပီး ဘုမ ချေးနဲ့။ ချေးကို ကိုကိုပစ်ထားရင်
ချေးကိုယ် ချေးသတ်သေလိုက်မယ်… ပရောမစ်စ်နော်။
ယောက်ျားကတိ တည်နော် "
"အင်း… ယောက်ျားကတိ တည်မယ်။ ချေးက လွဲရင် နောက်တောက်မချိ ဟီ ဟီ"
စကားမပီရတဲ့ အထဲ စကားပြောကလည်း
မြန်တော့ ချစ်လေးလို့  ပြောတိုင်း ချေးလို့ ပဲ ကြားနေ
ရတော့ ကျွန်တော်လည်း သူ့ ဓာတ်တွေ ကူးလာတာ
ပေါ့။
ခဏနေတော့ နှစ်ယောက်အတူ ဓာတ်ပုံ
အမှတ်တရ ရိုက်ကြတယ်။ ရိုက်တဲ့ပုံတွေကို ကြည့်ပြီး
360 ကင်မရာ မသုံးပဲ ဘယ်လိုရိုက်ရိုက်လှတဲ့
ကိုယ့်ရဲ့  ချေး လို့  အမွှန်းတင်ပေးရပါမယ်။
နှစ်ယောက်တွဲ ဓာတ်ပုံကို ကြည့်လိုက်တော့ ချစ်သူ
လေးရဲ့ ဖြောင့်စင်းတဲ့ ဆံပင်ပေါ်မှာ လိပ်ပြာတစ်ကောင်
တောင်ပံ ဖြန့် ကာ နားလို့ ။
အပြာရောင် လိပ်ပြာတစ်ကောင်။
ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်မယ်ဆိုရင်
ကျွန်တော်က လိပ်ပြာလေး တစ်ကောင်ပေါ့။
ဆက်ရန်
Wednesday, September 10, 2014
လိပ်ပြာစစ်တမ်း (၂ )
အခန်း-၁
လိပ်ပြာတစ်ကောင်။
အခန်းထဲကို ဘယ်လို ရောက်နေပါလိမ့်။ ဖွင့်ရက်ထားပစ်ခဲ့သည့် လက်ပ်တော့(Laptop) အစွန်းတွင် နားနေသောကြောင့် သတိထားမိခြင်း ဖြစ်သည်။ တစ်ကိုယ်လုံး ရွှေရောင်လွှမ်းနေသည့် ရွှေရောင်လိပ်ပြာလေး တစ်ကောင်။ ပြတင်းတံခါး
လည်း ဖွင့်မထားပဲ ထူးဆန်းစွာ ရောက်နေသော ရွှေလိပ်ပြာလေး၏ တောင်ပံအစုံကို သူ့ လက်ဖြင့် တို့ထိကြည့်လိုက်သည်။ ရွှေလိပ်ပြာသည် ရုတ်ကနဲ ထပျံသည်။ ခန်းဆီးနှင့် မျက်နှာကျက် လွတ်နေသော နေရာမှ ဖြတ်ကျော် ပျံသန်းကာ တစ်ဘက်ခန်းသို့  ကူးသွားလေသည်။ သူလည်း အခန်းတံခါးကို ဖွင့်ပြီး .တစ်ဘက်ခန်းသို့ အပြေးကလေး သွားမိသည်။
သော့ခတ်ပိတ်ထားသော တံခါးကြောင့် ကိုယ့်အခန်း
ကိုယ် ပြန်လှည့်လာလိုက်သည်။
အခန်းထဲ ပြန်ရောက်ချိန်မှာ G talk မှ message
အသစ်ဝင်သည့် အသံကြားလိုက်သည်။ စစ်ကြည့်
လိုက်သောအခါ တစ်ဘက်ခန်းမှာနေသည့် ဇွဲမာန် လှမ်းချက်နေခြင်းဖြစ်သည်။ ယနေ့ည သူ အဆောင်သို့ 
ပြန်မလာဖြစ်ကြောင်း လှမ်းပြောတာ ဖြစ်သည်။အဆောင်မှာ အနေအကြာဆုံး သူလည်း ဖြစ်သည့်ပြင် အသက်ကြီးဆုံးလည်း ဖြစ်သောကြောင့် အားလုံးနှင့် အဆင်ပြေအောင် သူနေတတ်နေပါပြီ။ တစ်ဘက်ခန်းမှ
တံခါးဖွင့်သံကြားရသောကြောင့် ဇွဲမာန်ပြန်မလာဖြစ်
ကြောင်း ညီ ညီအောင့်ကို သွားပြောရန် ထွက်လာ
လိုက်သည်။ အမှန်စင်စစ် အော်ပြောလိုက်လျှင် ရသော်
လည်း ရွှေတောင်ပံအစုံ ပိုင်ဆိုင်သည့် လိပ်ပြာလေးကို
တစ်ဘက်ခန်းထဲတွင် ပြန်တွေ့ လေမလားဟူသော
စိတ် အတွေးကြောင့် ဖြစ်သည်။
ဇွဲမာန် ဒီ ည ပြန်မလာဖြစ်ဟု အကြောင်းကြား ထားကြောင်း ပြောရင်း အခန်းတစ်ခုလုံးကို ခြုံကြည့်
လိုက်သည်။ ဖွင့်ထားသော ပြတင်းပေါက်မှ ဝင်လာပြီး
ထိုမှပင် ပြန်ထွက်သွားခြင်း ဖြစ်မည်။ ရွှေလိပ်ပြာကို
မတွေ့ ရတော့။
" ကျေးကျေး ကို ဒေါ် … ကျွန်တော်
ရေချိုးပြီး ထမင်းသွားစားမယ်။ မစားရသေးရင် အတူ
သွားမယ်လေ" ဟု ညီညီက ပြောသည်။ ဒေါနအောင်
အမည်ကို အဖျားဆွတ်ကာ သူ့ ကို ချာတိတ်တွေက "ကိုဒေါ " ဟု ခေါ်ကြသည်။
(သို့ သော် သူ ကြားမိသည်မှာ ကိုယ်တော် (ကိုဒေါ်)
ဟူ၍သာ) သူ့ တွင်အစ်မလေးယောက်ရှိပြီး အဖေနှင့် အမေက စံပယ်အောင် ခရေအောင် သပြေအောင် သဇင်အောင်ဆိုသည့် ပန်းအမည်တွေ မှည့်ခေါ်ထား
သလို အငယ်ဆုံးသားဖြစ်သူ သူ လည်း ဒေါနအောင် ဖြစ်ခဲ့ရသည်။ ညီညီ့ကို ထမင်းစားပြီးပြီ ဖြစ်ကြောင်း ပြန်ပြောရင်း တစ်ဘက်ခန်းသို့  ပြန်ကူးလာခဲ့သည်။
လိပ်ပြာတစ်ကောင်။
ဖွင့်ထားသည့် လက်ပ်တော့ ( Laptop) မျက်နှာပြင်
အစွန်းတွင် တစ်ဖန်ပြန်လည်၍ ခိုနားနေသည့်
ရွှေလိပ်ပြာ။ သည်တစ်ကြိမ်မှာတော့ ရွှေရောင်အဆင်း ရှိသည့် လိပ်ပြာတောင်ပံများကို ထိတို့ ကြည့်ရန် သူ
စိတ်မကူးတော့။ ပုံဆွဲစာအုပ်ကို ဆွဲယူပြီး ရွှေလိပ်ပြာ၏ စကက်ခ်ျ (sketch) ကို ကူးဆွဲနေမိ
သည်။
***** ***** ***** ***** ***** *****
၂
" မရွှေလိပ်ပြာ……ခင်ဗျားကို ကျွန်တော်လွမ်းနေ
ပါပြီ။ ပြန်လာခဲ့ပါတော့။ ခင်ဗျားရဲ့  အသံကို မကြားရတာ
၃လတိတိ ရှိသွားပြီ။ ခင်ဗျား ကျွန်တော့်ကို ကိုဒီနောင်လို့  လှမ်းခေါ်မယ့် အချိန်ကို ကျွန်တော် မျှော်လင့်နေပါတယ်။
ဒီနေ့  ရွှေလိပ်ပြာလေး တစ်ကောင် အခန်းထဲ ဝင်လာတယ် မရွှေလိပ်ပြာ။ သူ့ ကို မြင်တော့ ကျွန်တော့် ရင်တွေ အရမ်း ခုန်လာတယ်ဗျာ။ကျွန်တော် လိပ်ပြာတွေအကြောင်း သိပ်မသိပါဘူး။ သူတို့ ဘယ်လောက် မြင့်မြင့် ပျံနိုင်သလဲ။ ဘယ်လောက်ခရီး အကွာအဝေးအထိ သွားနိုင်သလဲ ဆိုတဲ့အကြောင်းအရာမျိုးတွေပေါ့။ ဒီအကြောင်းအရာတွေ သိချင်ရင် အင်တာနက်မှာ ရှာဖွေလေ့လာလို့  ရပေမယ့် မရွှေလိပ်ပြာရဲ့  အကြောင်းကို မျက်နှာစာ စာအုပ်က Mutual Friend တွေကို မေးကြည့်ပေမယ့် သေချာ
ဘယ်သူမှ မသိကြဘူး။ Facebookမှာ တင်ထားတာက လွဲပြီး ဘယ်သူမှ ပိုမသိကြဘူးဆိုတော့ လမ်းစပျောက်နေပြီ မရွှေလိပ်ပြာ"
ဒေါနအောင် သည် လိပ်ပြာပုံကြမ်း ဆွဲပြီးချိန်ထိ ပျံမပြေးပဲ ငြိမ်သက်စွာ နားနေသည့် ရွှေအဆင်းနှင့် လိပ်ပြာကလေးကို ငေးကြည့်မိရင်း အွန်လိုင်း သူငယ်ချင်း မရွှေလိပ်ပြာကို စိတ်ထဲမှ စကားများ လှမ်းပြောနေမိသည်။ မရွှေလိပ်ပြာသည် ဒေါနအောင်
၏ gmailအမည် dnaung 1975ကို အစွဲပြု၍
ကိုဒီနောင်ဟု သူ့ ကို ခေါ်နေခြင်းဖြစ်သည်။ သူကလည်း
တစ်ခြားသူများ ခေါ်လေ့မရှိသော အမည်သစ်ကို နှစ်သက်
မိသည်။ ရွှေလိပ်ပြာနှင့် စတင် ခင်မင်ခဲ့ပုံကလည်း
gmail မှာ ဘယ်လို အကြောင်းကြောင့်မှန်းမသိပဲ
တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းအဖြစ် မအပ်ဘဲ သူငယ်ချင်းစာရင်းတွင် အလိုလို ရောက်လာခြင်းမှ စတင်
သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သူနှင့် မရွှေလိပ်ပြာ စတင် သိကျွမ်းချိန်မှာ နှစ်ယောက်စလုံး မြန်မာလို မရိုက်တတ်
ကြသေး။ အင်္ဂလိပ်စာကို ထမင်းစားရေသောက်မျှ
တိုက်ပင်း ( Typing ) မရိုက်တတ်လျှင် မဖြစ်သည့်
ခေတ်။ ဘားဂလစ်ရှ် Burglish သို့ မဟုတ် Myanglish
ကို မရွှေလိပ်ပြာက မဖတ်တတ်။ သူက မရွှေလိပ်ပြာကို
ဘားဂ်လစ်ရှ်လို ရေးတတ် ဖတ်တတ်အောင် သင်ပေး
ခဲ့ရသည်။ သူငယ်ချင်း အင်တာနက်ဆိုင်တွင် ညတိုင်း
မရွှေလိပ်ပြာနှင့် chatting ထိုင်ရခြင်ူးသည် သူ့ ဘဝ
အတွက် မရှိလျှင် မဖြစ်သည့် အခြေအနေသဖွယ် ဖြစ်
လာတော့သည်။
မရွှေလိပ်ပြာက ကိုဒီနောင် ဟု ခေါ်သောကြောင့်
သူက မရွှေလိပ်ပြာဟု ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။ သူမ
ဂျီမေးလ်က mllesbutterfly.gd2006@gmail.com ဖြစ်သည်။ mlleက ဘာအဓိပ္ပာယ်လဲ ဟု မေးကြည့်ဖူး
သောကြောင့် အင်္ဂလိပ်လို Miss ဟူသော အဓိပ္ပာယ်
ဖြစ်ကြောင်း မက်မွိုင်ဇယ်ဟု အသံထွက်သည့် ပြင်သစ်စကား ဖြစ်ကြောင်း သူသိခဲ့ရသည်။ ဒါဆို အပျိုပေါ့ဟု သူကပြောသည့်အခါ လက်မထပ်ရသေး
သော မိန်းကလေးတိုင်း သုံးနိုင်ကြောင်းနှင့် အပျိုနှင့်
အပျိုမဟုတ်သူဟူ၍ ခွဲခြားမှု မရှိကြောင်း ပြန်ရှင်းပြခဲံ့
သည်ကို မှတ်မိနေသည်။ ထို့ အပြင် ခင်မင်မှုကို
ပျိုးထောင်နေသည့် အချိန်ကာလအတွင်း၌
မိန်းကလေးတစ်ယောက်ကို အပျိုလားဟု မမေးသင့်
ကြောင်း ပြောခဲ့ပါသေးသည်။ သူသည်
မရွှေလိပ်ပြာနှင့် ချက်ခဲ့သည့် Chat Historyကို
ပြန်လည် ဖွင့်ဖတ်ရင်း ကုန်လွန်ခဲ့ပြီးသော
အတိတ်ကာလများဆီ သမင်လည်ပြန် ကြည့်မိပြန်
လေတော့သည်။
******** ******* ********
၃
မရွှေလိပ်ပြာနဲ့ ပထမဆုံး စချက်တဲ့နေ့ မှာပဲ အပျို
ပေါ့လို့ ပြောမိတာနဲ့  Missနဲ့Mesdemoiselles
(မစ္စ နဲ့  မက်မွိုင်ဇယ်) ရှင်းတမ်း ဒါမှမဟုတ် အပျိုနဲ့ အိမ်ထောင်မရှိသူ စကားရပ်ရှင်းတမ်းလို့  ပြောလို့ ရမယ့် စကားတွေအများကြီးပြောသွားတယ်။ စာရိုက် (
Type ) ပြောတာပေါ့။ G talk ပြောလို့ ရတယ်ဆိုပေမယ့် စသိသိချင်းGtalk ပြောမလားလို့  မမေးသေးဘူးပေါ့။ အင်္ဂလိပ်လိုရှည်ရှည်လျားလျား မဖတ်ချင်တာကြောင့် ကျွန်တော်အင်္ဂလိပ်စာကို ထမင်းစားရေသောက်ပဲ တတ်ကြောင်းပြောလိုက်တော့
''အိုကေလေ အခုကျွန်မ အလုပ်နည်းနည်းရှုပ်နေလို့ 
နောက်မှ တွေ့တာပေါ့ '' လို့ ပြောပြီး လိုင်းပေါ်က ပျောက်
သွားပါတယ်။ တကယ်တော့ အွန်လိုင်းပေါ်မှာ ချက်တင်း
(chatting ) ထိုင်ပြီး မတွေ့ မမြင်ဘူးတဲ့ ယောက်ျား မိန်းမ အချင်းချင်း ပြောဆိုဆက်ဆံကြတာ ရည်ရွယ်ချက် အမျိုး
မျိုး ရှိနေနိုင်ပါတယ်။ အဲဒီတုန်းက နာမည်ကြီး Chat Room တစ်ခု မှာ (အများအားဖြင့် နိုင်ငံခြား ရောက်နေတဲ့
သူတွေ များပါတယ်။)အင်္ဂလိပ်စာကို ကောင်းကောင်း
ပြောဆိုနိုင်ကြတယ်။ ကျွန်တော်တို့ လို အင်္ဂလိပ်စာ မကျွမ်းကျင်တဲ့လူတွေကိုလည်း မသိနားမလည်တာတွေ
ကို နားလည်အောင် ပညာမျှဝေပေးခဲ့ကြတဲ့ ပညာရှင်တွေ
လည်း ပါပါတယ်။ ကျွန်တော်ဆိုလိုတာက အိုင်တီ နည်း
ပညာရပ်ဆိုင်ရာ အသစ်တွေ့ ရှိချက်တွေကို အွန်လိုင်းသုံး
ရင်း သင်ကြားနိုင်ခဲ့တယ်လို့  ပြောချင်တာပါ။ချက်တင်းထိုင်တာ မိန်းကလေးတွေနဲ့ အီစီကလီလုပ်ဖို့ 
သက်သက် မဟုတ်ပါဘူး။ ကိုယ်နဲ့ ဝါသနာတူ လိုင်းတူ
ယောက်ျားလေးအချင်းချင်းလည်း တစ်ယောက်နဲ့ တစ်
ယောက် နည်းပညာဆိုင်ရာ ဝေမျှမှုတွေ အများဆုံးပြုလုပ်
ကြပါတယ်။
မရွှေလိပ်ပြာနဲ့ ဒုတိယအကြိမ်တွေ့ တာကတော့ Pop
Chatလို့  ခေါ်တဲ့ Group Chat ထဲမှာပါ။ ချက်ဘောက်စ်ထဲ
မှာ အသစ်တစ်ယောက် ရောက်လာရင် ရောက်နှင့်ပြီးသူ
တွေက မင်္ဂလာပါလို့  နှုတ်ဆက်ကြတဲ့ အလေ့အထ အတိုင်း တစ်ခြားလူများက မင်္ဂလာပါ ရွှေလိပ်ပြာ လို့  နှုတ်ဆက်မှ ကျွန်တော်လည်း ကျွန်တော့် gtalk ထဲက
သူငယ်ချင်း မရွှေလိပ်ပြာလားလို့ မေးလိုက်ပါတယ်။
Hi Ko D Naung. I am your google talk 's friend , Ma Shwelatepyar . How are you everything?
မရွှေလိပ်ပြာက ကိုဒီနောင်လို့  ခေါ်လိုက်တာနဲ့ ကျွန်တော့်
ရဲ့  မရွှေလိပ်ပြာဆိုတာ သေချာသွားပါတယ်။ group chat
မှာချက်နေရာကနေ ဂျီတော့ကနေ ဆက်ချက်ဖြစ်ပါတယ်။
ဂျီမေးလ် chat history မှာ မရွှေလိပ်ပြာနဲ့ ချက်ထား တာကို ပြန်ဖတ်ရင်း ပြီးခဲ့တဲ့အခေါက်က ကျွန်တော်ပြောတာ နည်းနည်းလွန်သွားတယ်လို့  ထင်မိ
ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်လို့ 
ကျွန်တော်ကပြောတော့ ဘာအတွက်တောင်းပန်တာလဲ
လို့  ပြန်မေးပါတယ်။ ကျွန်တော်လည်း အပျိုနဲ့ အိမ်ထောင်
မရှိသူကိစ္စလို့  ပြောရမလား။ မစ္စနဲ့  မက်မွိုင်ဇယ်ကိစ္စလို့ 
ပြောရမလား။ စကားလုံး ရွေးမရတော့ ထားလိုက်ပါတော့
ဘာမှ မဟုတ်ဘူးလို့ ပဲ ပြောလိုက်ပါတယ်။
xxxxxxxx xxxxxxxx xxxxxxxxx
၎
ကျွန်တော်နာမည် ဒေါနအောင်ပါ။ အသက်က ၃၁နှစ်ထဲမှာ ။ အလုပ်အကိုင်က ပန်းချီဆရာ။ ကဗျာတွေ ဘာတွေလည်း မတောက်တခေါက်ရေးပါတယ်။ ပညာအရည်အချင်းက အာခီတက်နဲ့ ကျောင်းပြီး ထားတယ်။ အိမ်ထောင်မရှိ သားသမီးမရှိ ။ ဇာတိက ရွှေဘို ။ ရန်ကုန်မှာနေတာ ဆယ်တန်းအောင်ပြီးကတည်းက ဆိုပါတော့။ အခုတော့ ဂရပ်ဖစ်ဒီဇိုင်းပညာနဲ့ အသက်မွေးတယ်" ကျွန်တော့်အကြောင်းကို ပြောပြပြီး
မရွှေလိပ်ပြာကို သူ့ အကြောင်းပြန်ပြောဖို့  N u? (And you ?) လို့  ရေးလိုက်ပါတယ်။ သူ ဒီလို ပြန်ရေးတယ်ဗျာ။
" ကျွန်မကို ရွှေလိပ်ပြာလို့ ပဲခေါ်ပါ။ နာမည်ရင်းကိုတော့ အခုမပြောသေးဘူး။ အလုပ်အကိုင် အများကြီးထဲက နှစ်ခုပြောပြမယ်။ တစ်ခုက ကျောင်းသား နောက်တစ်ခုက ဆရာမ။ ငယ်ငယ် တုန်းက ဖြစ်ချင်တာက ပန်းချီဆရာမ။ ရှင်က ပန်းချီဆရာဆိုတော့ စိတ်ဝင်စားသွားပြီ။ ကဗျာ ရေးတယ်ဆိုတော့ ကျွန်မနဲ့ နီးစပ်တယ်။ ကျွန်မက စကားလုံးတွေကို ချစ်တယ်။ စိတ်ဝင်စားတယ်။ ဂီတသံစဉ်တွေကိုလည်း နှစ်ခြိုက်တယ်။ ဘောလုံးပွဲတွေ ကြည့်ရတာ ကြိုက်တယ်။ ဂိမ်းကစားတာရယ် ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတယ်။ ထမင်းဟင်းချက်ဖို့ ပျင်းတယ်။ အဝတ်လျှော် မီးပူတိုက် မလုပ်ချင်ဘူး။ ဒါနဲ့ရှင့်ဘွဲ့ ကမနာလိုစရာပဲ ကျွန်မငယ်ငယ်က မစန္ဒာဝတ္ထုတွေ ဖတ်ပြီး အာခီတက် ဖြစ်ချင်ခဲ့တာ။ ဆယ်တန်းမှာ နေမကောင်းဖြစ်တာနဲ့ အမှတ်ကောင်းကောင်းရအောင် မဖြေနိုင်ဘူး။
ဒါ့ကြောင့်…"
အဲဒီလို ပြောပြီးးတာနဲ့ လိုင်းပေါ်က ပျောက်သွားပါတယ်။ မရွှေလိပ်ပြာဟာ သူကစပြီး ခွဲခွာနှုတ်ဆက်စကား မပြောသလို သူ့ ကို နှုတ်ဆက်စကားပြောတာကိုလည်း ဘယ်တော့မှ မခံယူတတ်သူဆိုတာ ကျွန်တော် အခုမှ သတိထားမိတယ်ဗျာ။ ဒီနောက်ပိုင်း စကားပြောရင်လည်း ရုတ်တရက် စကားဖြတ်ပစ်ပြီး ပျောက်သွားတတ်တာ အမြဲလိုလိုပါပဲ။ ကျွန်တော့်အကြောင်းသာ သူအများကြီးသိသွားပေမယ့် သူ့ အမည်ရင်းလည်းမသိ အသက်အရွယ်လည်းမသိ ဘယ်မှာနေမှန်းမသိ ရေရေရာရာ ဘာမှမရှိပေမဲ့ ကျွန်တော် သူနဲ့ ချက်တင်းထိုင် စာရိုက်ပြီး ပြောနေမိတဲ့ အချိန်မှာ စိတ် လှုပ်ရှား ပျော်ရွှင်မိ ခဲ့ပါတယ်။ ကျွန်တော့်ချက်ဘောက်စ် Friend List ထဲ မှာ မရွှေလိပ်ပြာရဲ့  အမည်နံဘေးမှာ အစိမ်းရောင်စက်ဝိုင်း ကလေးကို မြင်တာနဲ့ ကျွန်တော်ကတော့ အမြဲတမ်း hi လို့  နှုတ်ဆက်ပါတယ်။ သူကတော့ ပြန်ပြောချင်မှ ပြောတတ်ပါတယ်။ ဒါပေမဲ့ Off line မက်ဆေ့ဂ်ျ တွေတော့ မရွှေလိပ်ပြာဆီက အမြဲလိုလို ပြန်ပို့ ထားတတ်ပါတယ်။ကျွန်တော် အများဆုံးရတဲ့ messageကတော့ Sorry for late reply ဆိုတဲ့ message ပါပဲ။
Sorry 4 Late Reply
ဝမ်းနည်းပါတယ် စာပြန်နောက်ကျလို့ 
စိတ်မကောင်းပါဘူး စာပြန်နောက်ကျတာ
မင်း ခဏ ခဏ ပို့ တဲ့ ပြန်စာတွေအတွက်
It doesn't matter. နဲဗားမိုင်းပါ
ရပါတယ် မိတ်ဆွေလိပ်ပြာမလေးရယ်
တစ်နေ့ နေ့ တစ်ချိန်ချိန် ကိုယ်ချစ်စကားပြောရင်
ကိုယ့်ကို ချစ်ကြောင်းပြန်ပြောဖို့ တော့
နောက်ကျလို့ မနေပါနဲ့
xxxxxxx xxxxxxxxxxxxxx xxxxxx
၅
ကျွန်တော့် gtalk status ကို မရွှေလိပ်ပြာ မြင်ရင်
တစ်ခုခု ပြောလာလိမ့်မယ်လို့ ထင်မိပေယ့် မရွှေလိပ်ပြာဆီကတစ်စုံတရာ ပြောကြားခြင်း မရှိပါ။
ထုံးစံအတိုင်း ကျွန်တော်က ဟိုင်းလို့ ပြောရင်တောင်
သူ့ ဆီက နောက်တစ်ကြိမ် ဂျီတော့ခ်ဖွင့်ချိန်မှာ ပြန်
နှုတ်ဆက်ထားတာ ကို တွေ့ ရပါတယ်။ ဆောရီး
ဖော်လိတ်ရပလိုင်းလို့  မရေးတော့ပဲ A little bit busy
လို့  ပြောင်းရေးသွားတာ သတိထားလိုက်မိပါတယ်။
ကျွန်တော် Statusက ဘားဂလစ်ရှ်နဲ့ ရောရေးထားတာ
ဆိုတော့ သူနားမလည်တာလား။ နားမလည်ချင်ယောင်
ဆောက်တာလား ဆိုတာတော့ မရွှေလိပ်ပြာပဲ သေချာ
သိပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်နဲ့ သူနဲ့
သိပ်မချက်ဖြစ်ပါဘူး။
ကျွန်တော် အမှန်အတိုင်း ဝန်ခံရရင် အဲဒီ စတေးတပ်စ်က ကဗျာရေးတဲ့သူတစ်ယောက်အနေနဲ့
ဖြစ်စဉ်တစ်ခုအပေါ် စကားလုံးဖွဲ့ စည်းမှု သက်သက် အနေဖြင့်သာ ရေးခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းမှာ
တွေ့ သမျှ မိန်းကလေးကြီးကြီးငယ်ငယ်ကို လိုက်ကြောင်
နေတတ်တဲ့ အလေ့အထ ကျွန်တော့်မှာ မရှိပါဘူး။ မရွှေ
လိပ်ပြာနဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ ရေရေရာရာ
မသိသေးပေမယ့် သူ့  ကို စိတ်ဝင်စားမိတယ်ဆိုတာကို
တော့ မငြင်းချင်ပါဘူး။ ချစ်သောသူတစ်ယောက်နဲ့
ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှ စိတ်ဝင်စားကြ
တယ် ဆိုပေမယ့် စိတ်ဝင်စားနေမိတဲ့ သူတိုင်းကို
ချစ်မိလိမ့်မှာ မဟုတ်ပါဘူး။ မရွှေလိပ်ပြာက ကျွန်တော်
စိတ်ဝင်စားမိတဲ့ မိန်းကလေးအချို့ ထဲက တစ်ယောက်
အနေအထားမှာပဲ အဲဒီအချိန်တုန်းက ရှိနေခဲ့တာပါ။
နောက်ပိုင်းမှာတော့ မရွှေလိပ်ပြာရဲ့ စိတ်ကို ကျွန်တော်
သိလာပါတယ်။ မရွှေလိပ်ပြာလို့  အမည်မတတ်ပဲ
ပြောဆိုရေးသားတဲ့စကားရပ်တိုင်းကို သူနဲ့စပ်ဆိုင်ခြင်း
မရှိလို့  ယူဆတတ်သူပါ။ ဒါကြောင့်လည်း ကျွန်တော့်
Statusနဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့တာပါ။
မရွှေလိပ်ပြာဆီကစပြီး Hi Ko D Naung လို့ 
စနှုတ်ဆက်တာခံရပါတယ် ။ သူ့ ကို ဘားဂလစ်ရှ်လို
ရေးတတ် ဖတ်တတ်အေင် သင်ပေးဖို့ ပြောပါတယ်။
တစ်ခြားလူတွေနဲ့ ချက်တဲ့အခါမှာ ဘားဂလစ်ရှ်တွေနဲ့
ချက်တော့ သူ့ အတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။
ကျွန်တော်လည်း မချက်နဲ့ ပေါ့လို့  ပြန်ပြောလိုက်ပါတယ်။
မချက်လို့  မဖြစ်ဘူးတဲ့။ သူတို့ နဲ့ ချက်မှ သူတို့ တွေကို
ကူညီနိုင်မယ်တဲ့။ အဲဒီလူတွေကို ဘယ်လို ကူညီမှာလဲ။
ဘာကြောင့် ကူညီရသလဲ ဆိုတဲ့ ကျွန်တော့်မေးခွန်းတွေကို ဒီလိုဖြေပါတယ်။ "ကိုဒီနောင့်ကို ကျွန်မရဲ့ နောက်ထပ်အလုပ်အကိုင်တစ်ခုကိုပြောပြရဦးမယ်။ကျွန်မက စိတ်ပညာရှင်တစ်ယောက်ပါ "( ပြီးတော့ ဖိုရမ်တစ်ခုအမည်ကို ပြောပြပါတယ်) အဲဒီဖိုရမ်မှာ စိတ်ဓာတ်ကျဆင်းပြီးဘဝကိုလက်လျှော့အရှုံးပေးချင်နေတဲ့ သူတွေကို နှစ်သိမ့်ဆွေးနွေးပေးတဲ့ အလုပ်ကိုလည်း မရွှေလိပ်ပြာက တာဝန်ယူ လုပ်ကိုင်ပေးနေတယ်လို့  ပြောပါတယ်။
မရွှေလိပ်ပြာက သူ့ မေးလ်ထဲမှာ ရောက်လာတဲ့ စာတစ်ချို့ က ဘားဂလစ်ရှ်နဲ့ ရေးထား တော့ သူ့အနေနဲ့ တိတိကျကျ နားမလည်နိုင်တဲ့အတွက် ဘားဂလစ်ရှ်ကို မသုံးချင်ပေမယ့်နားလည်အောင်ကြိုးစားဖိုလိုအပ်နေ
တယ်။ ဒါကြောင့် ကျွန်တော့်ကို သင်ပေးဖို့ ပြောတယ်။ ကျွန်တော်က
စာရိုက်ပြီးသင်ရင် အသံထွက်တွေ နားမလည်ပဲ ဖြစ်မယ်။ ဒါကြောင့် gtalk ပြောရအောင်လို့  ပြော
လိုက်တော့ မရွှေလိပ်ပြာက ပြောတာပေါ့လို့  ပြန်ပြောပါတယ်။ အွန်လိုင်းက
တစ်ချို့ သူငယ်ချင်းတွေနဲ့ စကားပြောဆိုရင်း သူတို့စိတ်ခံစားမှုတွေကို နားထောင်နှစ်သိမ့် ဆွေးနွေးပေးတယ် ။ ဒါဟာ မဟာဘွဲ့ယူဖို့ အတွက်လည်း အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လေ့လာပြီး ကျမ်းပြုစုနေတယ်လို့  သိလိုက်ရပါတယ်။
xxxxxxx xxxxxxxx xxxxxxxx
Subscribe to:
Posts (Atom)