Thursday, November 27, 2014

ဒီဇင်ဘာပန်းတွေနဲ့

ဒီဇင်ဘာပန်းတွေနဲ့ …

 ဆောင်တော်ကူးပန်း ကို ကျွန်မတို့ က ဒီဇင်ဘာပန်းလို့  ခေါ်ပါတယ်။ ဒီဇင်ဘာလမှာ ပွင့်လို့  ဒီဇင်ဘာပန်းလို့  ခေါ်တာဖြစ်မယ်ထင်ပါတယ်။ ကျွန်မ တို့ အိမ်နဲ့ တစ်ဘက်အိမ်ကို အုတ်တံတိုင်းမခတ်ခင် က ခြံစည်းရိုးမှာ ဒီဇင်ဘာပန်းတွေ ဝေနေအောင်ပွင့်တဲ့ ဒီဇင်ဘာတွေကို ဆယ်နှစ်ဆယ်ကြိမ်မက ကြုံခဲ့ဖူးပါတယ်။ ဒီဇင်ဘာပန်းတွေဖူးနေတာမြင်တော့  သတိတရရှိမိသူက သနားစရာကောင်းတဲ့ မိန်းမ တစ်ယောက်ပေါ့။ူ ပန်းတွေခူးပြီး ဘုရားကပ်လှူဖို့  လာပေးလေ့ ရှိသည့် ထိုမိန်းမသည် ကျွန်မ၏ မြန်မာစာဆရာမ အဖြစ် ခေတ္တသင်ကြားပေးဖူးသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပင်စင်ယူလိုက်ရပါတယ်။ စိတ်ဝေဒနာကြောင့် စာသင်ဖို့  မဖြစ်နိုင်တာနဲ့ အနားပေး လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့  အိမ်ပြောင်းရွှေ့ လာပြီး ဆရာမနဲ့ အိမ်နီးနားချင်းဖြစ်ခဲ့ တဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့  စိတ်ဝင်စားမှုတွေ အထူးတလည် တိုးပွားလာပါတယ်။ ဒါကြောင့်လည်း နီးစပ်ရာကို စပ်စပ်စုစု မေးမြန်းမှုတွေ လုပ်ခဲ့သလို တစ်ဘက်ခြံက ဆရာမရဲ့  လှုပ်ရှားမှု မှန်သမျှကို အမြဲတစေ ဂရုတစိုက်ကြည့်မိပါတယ်။ ရောဂါဝေဒနာကြောင့် အငြိမ်းစားယူ ထားပေမယ့် အနီးအနားက ကလေးတွေ ကို အင်္ဂလိပ်စာသင်ပေးနေတာ အထူးကောင်းမွန်တာ တွေ့ ရပါတယ်။ စိတ်ဝေဒနာသည်တွေဟာ သူတို့  သင်ယုရရှိထားတဲ့ ပညာရပ်တွေကို မမေ့လျော့ကြ ပါဘူး။ ဒါကြောင့် ယဉ်ယဉ်လေးရူးနေသူလို့ သိနေပေမယ့် မိဘတွေက ဆရာမကို ယုံယုံ ကြည်ကြည်နဲ့ ပို့  လွှတ်သင်ကြားစေတာ ဖြစ်ပါလိမ့် မယ်။
  " ကယ်ကြပါဦး။ ကျွန်မ နို့ ကို ဦး………ကြီး နှိုက်နေပါတယ်… ကယ်တော်မူကြပါ… ဦး………ကြီး ကျွန်မကို မုဒိမ်းကျင့်နေပါတယ်…………………………… ……………………………………" ( အဲဒီ dot dot dot တွေကို တော့ ကျွန်မရေးမပြ တော့ပါဘူး ) ခေတ်ပညာတတ်ဆရာမ တစ်ယောက် ဖြစ်ခဲ့ပေမယ့် စိတ်ဖောက်ပြန်ချိန် ထင်ယောင်ထင်မှား ဖြစ်မှုတွေကနေ အသိစိတ်ကင်းလွတ်စွာ ထွက်ရှိလာတဲ့ စကားရပ်တွေ ပါ။ ကျွန်မတို့  အိမ်တံခါးဖွင့်ကြည့်မိချိန်မှာတော့ ဆရာမက ခြံထဲ ရောက်နေပြီး ခြံတံခါးဝကနေ ထွက် ပြေးဖို့  ကြိုးစားနေပါတယ်။ ဆရာမ အစ်မနဲ့ တူမက ဆရာမ ခန္ဓာကိုယ်ကို အတင်းဖက်ပြီး ထိန်းထားရပါ တယ်။ ဆရာမ တူမက ဒေါ်လေး သတိထား ဒေါ်လေး သတိထား လို့  အော်ပြီး သတိပေး နေပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်လူကြီးတွေ ရောက်လာပြီး ဆရာမကို အကျိုးအကြောင်း ပြောပြ ခိုင်းပါတယ်။ ရပ်ကွက်လူကြီးတွေ ရောက်လာချိန်မှာ မေမေ နဲ့ တစ်ခြားအိမ်နီးနားချင်းတွေ တစ်ဘက်ခြံ ကို ကူးသွားကြပါတယ်။ ဆရာမကို အမောပြေ အအေးသောက်ဆိုပြီး အအေးထဲမှာ ဆေးထည့်တိုက်လိုက်တော့ အိပ်ပျော် သွားပါတော့တယ်။ စိတ်ပညာအခြေခံ နှစ်နှစ်သင်ကြား ဖူးတာရယ် ဖတ်ဖူးတဲ့ စိတ်ပညာစာအုပ်တွေကြောင့် ထင်ရောင်ထင်မှားဖြစ်မှုတစ်ခုဆိုတာ ကျွန်မသေချာ နားလည်ပါတယ်။ ဒါပေမဲ့ ဆရာမရဲ့  အမည်တပ်စွပ်စွဲ ခံရသူ ဘယ်သူဆိုတာကို သိချင်တဲ့ စိတ်က ထိန်းမရပါဘူး။ မေမေ ပြန်ရောက်ရောက်ချင်း " ဦး ………ကြီးဆိုတာ ဘယ်သူလဲမေမေ ''လို့ မေးလိုက်ပါတယ်။ မေမေ အဖြေကို ကြားတော့ ကျွန်မ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားပါတယ်။့  " အဲဒါ ဆရာမ အဖေလေ "

No comments:

Post a Comment